"မိမိတို့အသင်းကို မိမိတို့က အလေးမထားရင် ဘယ်သူက လာအရေးစိုက်မှာလဲ။ အသင်းကို ချစ်ရင် အသင်းသားတွေနှင့် မျှတစွာအတူနေတတ်အောင် ကြိုးစားပါ။."
"အဖွဲ့တစ်ခုတိုးတက်အောင်မြင်ဖို့ဆိုရင် တစ်ဦးတစ်ယောက်ကြားက ပုဂ္ဂိုလ်ရေးဆိုင်ရာ မပြေလည်မှုကိစ္စတွေကို ခဝါချထားဖို့လိုတယ်။."
"အသင်းတိုးတက်အောင်မြင်ဖို့အတွက် ကောင်းတဲ့ အကြံဆိုရင် အသင်းဝင် ကိုရင်လေးတစ်ပါးပြောသော်လည်း လက်ခံရမယ်။ အသင်းအတွက် မကောင်းတဲ့ အကြံမျိုးဆိုရင် သြဝါဒဆရာတော်စကားဆိုလည်း လက်မခံနိုင်ပါ။."
"အသင်းရောက်စတုန်းက အသင်းကိုမိဘသဖွယ်အားကိုးပြီး၊ ကိုယ့်ခြေထောက်ရပ်တည်လာနိုင်တဲ့အခါ အသင်းကိုလှည့်မကြည့်ခြင်းဟာ အခွင့်အရေးသမားစိတ်ဓာတ်ဖြစ်တယ်။."
"ရင်ဘတ်ချင်းတူ၊ ရည်ရွယ်ချက်ချင်းတူ လို့ အုပ်စုဖွဲ့ အတူရှိနေကြတာကို အသင်းလို့ခေါ်တယ်။ အသင်းသားမှန်ရင် အခက်အခဲတွေကြုံလာရင်တောင် ရင်ဘတ်ချင်းမဖြုတ်လိုက်ဖို့လိုတယ်။."
Arakan Student Monks Association (ASMA), Thailand
ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့ ( ထိုင်းနိုင်ငံ )
-------------------*******------------------
Contact Ph: (+66) 0633407733, 0867958393, 0816764661
FacebookPage: https://www.facebook.com/arakanstudentmonksassociationthai…/
Facebook Account: https://www.facebook.com/asma.edu.10