ရခိုင်ပြည်နယ်နိန့်မှ ရခိုင်သားသို့

ဒီဇင်ဘာ ၃၁ တစ်ရက် နှစ်ကုန်ရေ
လူသားချင်းဖိနှိပ် အမြတ်ထုပ်ဖို့
ကောက်ကျစ်ယုတ်မာ နယ်ချဲ့လက်မှာ
သောင်းသိန်းချီပနာ ခုခံတိုက်လည်း
ကျဆုံးခရေ ထိုနိန့်ချေ
ကိုလိုနီခေတ်က ရခိုင်ပြည်။

ကိုလိုနီလက်အောက်မှာ
သေနပ်ပြဒါးထောက် ရင်ဝထိဗျာလ်
မဟိမရ အဓမ္မနန့်
လက်နက်အားကို နယ်ချဲ့ရို့က
သွီးမိုးရွာချ ထိုအချိန်။

မာရယုအစ သမ္မတအဆုံး
ရခိုင်မင်းများ ထားခရေအမွီ
ရခိုင်ပြည်မှာ ဟိငြားသော်လည်း
လူကအစ ဘုရားကမကျန်
ကုန်ကုန်စင်အောင် ဖျက်စီးခယင့်။

ဒေနှစ်ဒေချိန် ထိုရက်ကိုကား
သမိုင်းသုံးသပ် ကြည့်ရူးဂါတ်နန့်
ရာဇဝင်ဟောင်း သမိုင်းကြောင်းကို
မှတ်တမ်းတင်မြောက် ထိုနိန့်ရောက်လို့
ကျဆုံးခရေ ရခိုင်ပြည်တွက်
နောင်လာနှောင်သား သိစီခြင်းငှါ
သမိုင်းမှတ်တမ်း တင်နိန်ယင့်။

သို့သော်..
ထိုနိန့်တမ်းတ ငိုယိုလွမ်းကာ
ရာဇဝင်ဟောင်း ထိုနိန့်ကြောင်းကို
မမောမပန်း ဟိတ်ဟန်ထုပ်လို့
ဓါတ်ပုံရိုက်ခံ မှတ်တမ်းတင်ဖို့
လားဂါတ်လာဂါတ် ရေမောကတ်နန့်
ပျော်ရွှင်ကတ်ဖို့ မဟုတ်ပါ။

တပိုင်တနိုင် ထမ်းဆောင်နိုင်ဖို့
ဆွဲကာလက်တွဲ ညီညွတ်ရေးနန့်
ကိုယ့်ပြည်ကိုယ့်ရွှာ ကိုယ့်နိန်ရာတွက်
အသက်သွီးသား ရင်နီးမြှုပ်ကာ
သမိုင်းတာဝန် ကျေပွန်စီဖို့
ကျဆုံးခရေ ရခိုင်ပြည်တွက်
အဓိဌါန်သစ္စာ ပြုဂါတ်ပါ။
....................

Share on Google Plus

About Myat Khine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 မှတ်ချက်တိ:

Post a Comment