ဤ Websiteသည် ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့၏ တရားဝင်website တစ်ခုဖြစ်ပါသည်။ It is an official website of Arakan Student Monks Association (A.S.M.A), Thailand.

Sunday, September 19, 2010

ပျင်ပျင်းရိရိနန့် ငိုင်မှိုင်နိန်ရေ
ကြယ်ရောင်စုံသော ညတစ်ညမှာ
အထက်ကောင်းကင်ကို မော်ကြည့်လိုက်ယင်း
အမြင်အာရုံ ထူးခြားလာပုံက
မင်းဆိုရေရုပ်ပုံလွှာတိ အရောင်ချေမလင်းတလင်း
ငါ့မျက်ဝန်းအာရုံကြောကို စိမ့်ဗျာလ်ဝင်လားခရေပိုင်
ရင်ထဲမှာခံစားယင်း သတိချေလက်ပနာ
အိပ်မောကျလခရေပိုင် …………..
ငါလျှောက်နိန်ရေလမ်း ငါလှမ်းနိန်ရေပန်း
တောင်တွေးမြောက်တွေးနန့် လျှောက်လိုက်မိလို့
အချစ်ကမ်းပါးချေကို ထိုးကျလားခါမှ
ပြန်သတိရလိုက်စွာက စိတ္တဇဆန်လွမ်းရေ
အနွမ်းတရားတိကို လွမ်းအသင်္ချေနန့်
အတွေးကမ္ဘာထဲကို ၀င်လိုက်မိစွာက
နှလုံးသားနန်းတော်မှာ အပြုံးဘုရင်တစ်ဆူ
ဖြစ်လိုက်ချင်ယင့်လတ်…………
ခိုင်ကြီး( ၀ရာဇ်မြီ)
http://uritmree.blogspot.com/
ပင်မ

စိတ္တဇအလွမ်း

Posted by thadawa  |  No comments

10:01 AM Share:

0 မှတ်ချက်တိ:

Wednesday, September 15, 2010

တန်ဖိုးဆိုစွာ အရာဝတ္ထုတခု၏အဓိပ္ပါယ် အနှစ်သာရ တန်ဖိုးကိုသေသေချာချာနားလည်သိတတ်မှု သဘောပေါ်ကျွမ်းကျင်မှုအပေါ်မူတည်ပြီး တန်ဖိုးအမျိုးမျိုးကွဲပြားခြား၏။ သာဓကတခုပြောရကေ တောရွာလေးတရွာမှာ ယာလုပ်နိန်ရေ ယာသမားတစ်ယောက်စွာ
တနိန့်မမျှော်လင့်ပဲ ယာတောထဲက ကျောက်စိမ်းပတ္တမြားတလုံးကိုကောက်ရသည်။ သူစွာ ယင်းကျောက်စိမ်းတုံးကို
မြို့တက်ပြီးကျောက်ပွဲစားပါးမှာ ဒင်္ဂါးငါးသိန်းနဲ့ရောင်းလိုက်၏။ ကျောက်ပွဲစားကလည်း ကျောက်ကုန်သည်တစ်ယောက်ပါးသို့
ဒင်္ဂါးသိန်းငါးဆယ်နဲ့ပြန်ရောင်းလိုက်၏။ သူရို့ထက် ကျောက်စိမ်းတုံး၏တန်ဖိုးအရည်အသွီးကိုပိုနားလည်သဘောပေါက်ဒေ
ကျောက်ကုန်သည်ကတဘက်နိုင်ငံက ကျောက်ကုန်သည်ပါးကို ဒင်္ဂါးသိန်းငါးရာနဲ့ပြန်ရောင်းလိုက်၏။
ဒေသာဓကကိုကြည့်ခြင်းအားဖြင့် အရာဝတ္ထုတခု၏တန်ဖိုးဆိုစွာ ယင်းအရာဝတ္ထု၏တန်ဖိုး အနှစ်သာရကိုအသေအချာနားလည်သဘောပေါက်မှုကျွမ်းကျင်လိမ်မာမှုအပေါ်မူတည်ပြီး
တန်ဖိုးအမျိုးမျိုးကွဲပြားခြားနားသည်ကိုတွိ့နိုင်၏။ ကျောက်စိမ်းပတ္တမြား၏တန်ဖိုးကို
ငါးသိန်းလောက်ပဲသိရေယာသမားက ငါးသိန်းပဲရသည်။ သိန်းငါးဆယ်တန်ဖိုးကိုသိရေ ကျောက်ပွဲစားက
သိန်းငါးဆယ်ရသည်။ သိန်းငါးရာလောက်တန်ဖိုးသိရေ ကျောက်ပွဲစားကသိန်းငါးရာရသည်။ သူရို့ထက်ကျောက်စိမ်းတုံး၏တန်ဖိုးကို
ပိုနားလည်သဘောပေါက်ရေ တဘက်နိုင်ငံက ကျောက်ပွဲစားက သိန်းငါးရာမက သိန်းတစ်ထောင်၊ သိန်းတစ်သောင်းလည်းရနိုင်၏။
သုတရေးရာ

(2)ဗုဒ္ဓဘာသာ၏တန်ဖိုး နှင့် ဗုဒ္ဓဘာသာဝင်ဖြစ်ရခြင်း၏ တန်ဖိုး

Posted by အသျှင်ရေ၀တ  |  No comments

10:13 AM Share:

0 မှတ်ချက်တိ:

ဘာသာရေး ပေါ်ပေါက်လာပုံ၊ဘာသာရေးရီစီးကြောင်းနှင့်အဆင့်ဆင့်ပြောင်းလဲလာပုံ သမိုင်းနောက်ခံ တိကိုလေ့လာကြည့်ရေ အချက်အလက်ချေတိအရ ကမ္ဘာဦးကာလက လူသားတိစွာ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်သော ကြောက်ရွံမှု၊ တခြားသော တောကောင် သတ္တ၀ါကြီးတိကြောင့်ဖြစ်သော ကြောက်ရွံမှုစသည်များမှ
သက်သာရာရစိမ့်သောငှာ မိမိရို့စိတ်ထင်ရာ သစ်ပင်၊ တောတောင်အစဟိရေအရာတိကို တိုင်တည်ခြင်း၊
ပူဇော်ပသခြင်းဖြင့် အစပြု၍ ဘာသာရေးဟူသောအယူအဆသည် လူသားတိကြားတွင် ယုံကြည်မှုတခုဖြစ်လာသည်။

ထို့ကြောင့် ကမ္ဘာဦးကာလက ဘာသာရေးဟူသည် "ကြောက်ရွံမှုတိကိုဖယ်ယှားခြင်း၊ စိတ်သက်သာရာရစီခြင်း" တည်းဟူသော သာမညအဓိပ္ပါယ်ကိုကောက်ယူနိုင်ပါသည်။ 
လူ့ဘောင်လူ့လောကတခုကိုသာယာလှပအောင်ဖန်တီးပီးနိုင်ဖို့အတွက်
လူ့ကျင့်ဝတ်(ethic)တိ မပါဝင်ခပါ။ ယကေလည်း ခေတ်ကာလရီစီးကြောင်း တဖြည်းဖြည်းပြောင်းလဲလာမှုတိနှင့်အတူ ဘာသာရေးဟူသည် လူတိ၏ နိန့်စဉ်ဘ၀တိနှင့်ဆက်စပ်မှုဟိလာသည်။
သုတရေးရာ

(1)ဘာသာရေး ရီစီးကြောင်းအစနှင့် ဗုဒ္ဓဘာသာ

10:06 AM Share:

0 မှတ်ချက်တိ:

ကြည့်ရှူမူ ပမာဏ

ဆက်သွယ်ရန်

Name

Email *

Message *

မကြာသေးမှီမှတ်တမ်း

© 2018 A.S.M.A. Thailand Ayuttaya
.
back to top