ကြယ်ရောင်စုံသော ညတစ်ညမှာ
အထက်ကောင်းကင်ကို မော်ကြည့်လိုက်ယင်း
အမြင်အာရုံ ထူးခြားလာပုံက
မင်းဆိုရေရုပ်ပုံလွှာတိ အရောင်ချေမလင်းတလင်း
ငါ့မျက်ဝန်းအာရုံကြောကို စိမ့်ဗျာလ်ဝင်လားခရေပိုင်
ရင်ထဲမှာခံစားယင်း သတိချေလက်ပနာ
အိပ်မောကျလခရေပိုင် …………..
ငါလျှောက်နိန်ရေလမ်း ငါလှမ်းနိန်ရေပန်း
တောင်တွေးမြောက်တွေးနန့် လျှောက်လိုက်မိလို့
အချစ်ကမ်းပါးချေကို ထိုးကျလားခါမှ
ပြန်သတိရလိုက်စွာက စိတ္တဇဆန်လွမ်းရေ
အနွမ်းတရားတိကို လွမ်းအသင်္ချေနန့်
အတွေးကမ္ဘာထဲကို ၀င်လိုက်မိစွာက
နှလုံးသားနန်းတော်မှာ အပြုံးဘုရင်တစ်ဆူ
ဖြစ်လိုက်ချင်ယင့်လတ်…………
ခိုင်ကြီး( ၀ရာဇ်မြီ)
http://uritmree.blogspot.com/
0 လိုအပ်ချက်များကို ရေးသားအကြံပြုခဲ့နိုင်ပါတယ်:
Post a Comment