A.S.M.A ရခိုင်ကျောင်းသား ရဟန်းတော်များအဖွဲ့(ထိုင်း)၏ ပညာဒါနသင်တန်း ပထမအကြိမ်လေးလပါတ် သင်တန်း ဆင်းပွဲ အခန်းအနားနှင့် ရန်ပုံငွေ ကံစမ်းမဲဖွင့်ပွဲ အခန်းအနားကျင်းပ။
၂၈-၁၁-၂၀၁၀ တနင်္ဂနွေနေ့
ရခိုင်ကျောင်းသားရဟန်းတော်များ အဖွဲ့ (ထိုင်း)မှ ဖွင့်လှစ်သင်ကြားပေးခဲ့သော ပထအကြိမ် ပညာဒါန သင်တန်း လေးလပါတ် သင်တန်းဆင်းပွဲနှင့် သင်တန်းသား သင်တန်းသူများအား သင်းတန်းဆင်းလက်မှတ် ပေးအပ်ပွဲ အခန်းအနားတစ်ရပ်ကို ရုံးခန်းတည်ရှိရာ ဘန်ကောက်မြို့ ဖလန်စောင် စမဲဒမ်း စွယ် (၅) တွင်၊ ကျင်းပ ပြုလုပ်ခဲ့ရာ၊ လေးလပတ် သင်တန်းတွင် ရက်ပြည့် တက်ရောက် သင်ကြားခဲ့သော ကျောင်းသား ကျောင်းသူ (၆၁) တစ်ဦးတို့အား သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ပါသည်။
နာယကဆရာတော် ဦးသုဝဏ္ဏမှ ဆုရကျောင်းသား တစ်ဦးအား သင်တန်းဆင်းလက်မှ ပေးအပ်နေစဉ်၊
နာယက ဆရာတော် ဦးဥတ္တမဝံသမှ ကျောင်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ် ပေးအပ်နေစဉ်
A.S.M.A, ရခိုင်ကျောင်းသား ရဟန်းတော်များ အဖွဲ့မှ ပထမအကြိမ် ဖွင့်လှစ်သင်ကြားပေးခဲ့သော လေးလပါတ် သင်တန်းတွင် အင်္ဂလိပ်စာ ၇၉ ဦး၊ ထိုင်းဘာသာ ၈၃ ဦး၊ ကွန်ပျူတာ ၉၀ ဦးနှင့် ယဉ်ကျေးမှူ ၁၉ ဦး၊ စုစုပေါင်း ကျောင်းသူ ကျောင်းသား ၂၈၁ ဦးတက်ရောက်ခဲ့ပြီး၊ သင်တန်းပြီးဆုံးသည် အထိ တက်ရောက်ခဲ့ သူများမှာ (၆၁) ဦးရှိကြောင်း သိရှိရပါသည်။
ဥက္ကဋ္ဌဆရာတော် ဦးပညာသာရဗောဓိမှ ဆုရကျောင်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ် ပေးအပ်နေစဉ်။
ဒု-ဥက္ကဋ္ဌဆရာတော် ဦးပညာလင်္ကလာရမှ သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ် ပေးအပ်နေစဉ်။
ဆက်လက်၍ ဒုတိယအကြိမ် လေးလပါတ်သင်တန်းကိုလည်း၊ ၂၀၁၀ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသောကြောင့်၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှူ၊ ထိုင်းဘာသာ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ ဘာသာရပ်များကို မည်သူမဆို ပညာဒါန လာရောက်တက်ရောက်နိုင်ကြောင်း အသိပေးကြော်ငြာ အပ်ပါသည်။
A.S.M.A ကျောင်းသားအဖွဲ့(ထိုင်း)၏ ရန်ပုံငွေ ကံစမ်းမဲ ဖွင့်ပွဲ အခန်းအနား
ဆက်လက်၍ A.S.M.A ကျောင်းသားရဟန်းတော်များ၏ ပညာသင်ထောက်ပံ့ရေး ရန်ပုံငွေ ကံစမ်းမဲ ဖွင့်ဖွဲအခန်းအနားကို ပြုလုပ်ကျင်းပခဲ့ရာ။ ၄င်းကံစမ်းမဲ ဖွင့်ပွဲ အခန်းအနားတွင် ပထမဆုအတွက် လက်ပ်တော့ ကွန်ပျူတာ (၁) လုံး၊ ဒုတိယဆုအတွက် ဗီဒီယိုကင်မရာ (၁)လုံး၊ တတိယဆုအတွက် တီဗီ အပေါ်စက် အောက်စက် ဆောင်း (၁)စုံ၊ ရိုးရိုးဆုများအဖြစ် Samsung ဖုန်း (၃) လုံး၊ နှင့် လေပန်ကာ (၃) လုံး၊ နစ်သိမ့်ဆုများအဖြစ် အင်္ကျီး (၄၀) စုစုပေါင်း ဆုမဲပေါင်း ၄၉ ဆု၊ တန်ဖိုးငွေ ဘတ် (၅၀၀၀၀) တိတိဖြစ်ကြောင်း သိရှိရပါသည်။
ပထမဆု ဆွတ်ခူးရရှိသွားသော ကံထူးရှင်အား နာယကဆရာတော် ဦးဥတ္တမမှ လက်ပ်တော့ ကွန်ပျူတာတစ်လုံးပေးအပ်နေစဉ်။
ပထမဆုကို စာအုပ်အမှတ် ၁၅ ပေါက်စဉ်နံပါတ် ၀၀၀၄၁၂ ဖြင့်၊ ထွန်းထွန်းနိုင် Bigger Wood သစ်စက်ရုံ၊ တရန်မြို့မှ၊ လက်ပ်တော့ ကွန်ပျူတာ တစ်လုံး ဆွတ်ခူးရရှိသွားပါသည်။
ဒုတိယဆုကို စာအုပ်အမှတ် ၃၆ ပေါက်စဉ်နံပါတ် ၀၀၁၀၇၀ ဖြင့်၊ ကိုစိုးသိန်း ယာတခေါင် သစ်စက်ရုံ တရန်မြို့မှ ဗီဒီယိုကင်မရာ တစ်လုံး ဆွတ်ခူးရရှိသွားပါသည်။
တတိယဆုကို စာအုပ်အမှတ် ၁၄၁ ပေါက်စဉ်နံပါတ် ၀၀၄၂၀၃ ဖြင့်၊ မောင်မောင် ပန်ပူရီမှ တီဗီ အပေါ်စက် အောက်စက် ဆောင်း တစ်စုံ ဆွတ်ခူးရရှိသွားပါသည်။
ရိုးရိုးဆုများကို
စာအုပ်အမှတ် ၂၉ ပေါက်စဉ်နံပါတ် ၀၀၀၈၅၉ ဖြင့် ကိုအချိန် စမဲဒမ်း ဘန်ကောက်မှ Samsung ဖုန်းတစ်လုံး။
စာအုပ်အမှတ် ၁၂၀ ပေါက်စဉ်နံပါတ် ၀၀၃၅၈၂ ဖြင့် မျိုးအောင် ကီလို ၂၉ စူလတ်ဋ္ဌာနီမှ Samsung ဖုန်းတစ်လုံး။
စာအုပ်အမှတ် ၈၉ ပေါက်စဉ်နံပါတ် ၀၀၂၆၇၅ ဖြင့် မသူဇာ Super Cheap ဖူးခက်မှ Sumsang ဖုန်းတစ်လုံး။
စာအုပ်အမှတ် ၈၂ ပေါက်စဉ်နံပါတ် ၀၀၂၄၇၁ ဖြင့် ကိုကျော်အောင် မအေးသက် Super Cheap ဖူးခက်မှ လေပန်ကာတစ်လုံး။
စာအုပ်အမှတ် ၁၄၆ ပေါက်စဉ်နံပါတ် ၀၀၄၃၄၂ ဖြင့် မောင်အေးသန်း မဖြူဖြူဝင်း ဟတ်ယိုင်မှ လေပန်ကာ တစ်လုံး။
စာအုပ်အမှတ် ၁၁၉ ပေါက်စဉ်နံပါတ် ၀၀၃၅၅၀ ကိုစိုးဝင်း ကီလို ၂၉ စူလတ်ဋ္ဌာနီမှ လေပန်ကာ တစ်လုံး။
နစ်သိမ့်ဆု ပေါက်ဂဏန်းများမှာ
56/001681 29/000867 45/001344 129/003858
86/002591 139/004139 84/002532 102/003032
82/002451 56/001683 128/003809 95/002856
134/003986 45/001347 72/002156 89/002663
31/000917 27/000798 136/004056 136/004062
104/003099 71/002125 15/000436 124/003693
72/002172 96/002874 38/001135 101/003009
56/001685 137/004072 157/005171 90/002720
25/000746 104/003092 90/002695 89/002677
15/000427 31/000920 138/004108 184/00597
စုစုပေါင်း ဆုမဲပေါင်း ၄၉ မဲကို အသီးသီးဆွတ်ခူး ရရှိသွားကြပါသည်။ ဆုမဲများကို ကိုယ်တိုင် လာရောက်၍ ပို့ပေးသွားမည် ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။
A.S.M.A
well-done, well-done, well-done
ReplyDeleteHi, just wanted to mention, I enjoyed this blog post. It was practical. Keep on posting! all of craigslist
ReplyDelete