အရေးပေါ် အကူအညီပေးအပ်လှူဒါန်း

မဟာချူလာလောင်ကွန်တက္ကသိုလ် (ချင်းမိုင်)၊ B.A first year တန်းတွင် ပညာသင်ကြားနေသော၊ အရှင်ခေမာသိရီ သည်၊ မတော်တဆ ယာဉ်တိမ်းမှောက်မူကြောင့်၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် လန်းဖုန်းဆေးရုံကြီးတွင်၊ အတွင်းလူနာအဖြစ် တက်ရောက်ကုသနေရကြောင်း သိရှိရသဖြင့်၊ M.S.M.O မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့(ထိုင်း) နှင့် A.S.M.A ရခိုင်ကျောင်းသား ရဟန်းတော်များ အဖွဲ့(ထိုင်း)မှ သွားရောက်ကာ လိုအပ်သော အကူအညီများကို၊ စီစဉ်ဆောင်ရွက်ခဲ့ပြီး၊ ရခိုင်ကျောင်းသား ရဟန်းတော်များအဖွဲ့မှ ထောက်ပံ့ငွေ ဘတ် ၅၀၀၀ တိတိကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့်၊ မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့မှလည်း၊ ထောက်ပံ့ငွေများဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


၎င်းအရှင်ခေမာသိရီသည်၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော၊ M.S.M.O မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့(ထိုင်း)၏ ခြောက်လပတ် အစည်းအဝေးမှ အပြန်၊ မေ့တာ၊ လန်းဖုန်းမြို့နယ် အတွင်းတွင်၊ ယခုကဲ့သို့ ကားမတော်တဆ တိမ်းမှောက်ခဲ့ရာ၊ လက်မောင်း ဒဏ်ရာရရှိခဲ့သဖြင့်၊ လန်းဖုန်းဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment