ဤ Websiteသည် ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့၏ တရားဝင်website တစ်ခုဖြစ်ပါသည်။ It is an official website of Arakan Student Monks Association (A.S.M.A), Thailand.

Thursday, March 31, 2011

ရိုးမသက်သီ လခြမ်းမြီက
ဇာနီမွီးဖွား ရွှီခိုင်သားရို့
လေးရပ်နဒီ မြစ်ရီခြားလို့
ဝတီလေးရပ် ခေတ်ခြားကေလည်း
မျိုးအမည်မှာ ရခိုင်ပါဝေ။
နယ်မြီက၀ီး ရီကာဆီးလည်း
သွီးချင်းဒါလေ့ နီးစပ်ကတ်မယ်။

အနိန်က၀ီး နိန်ရာဝီလည်း
မျိုးအချင်းချင်း ဆက်စပ်ကတ်မယ်။
စကားလီသံ ကွဲပြားနီလည်း
မျိုးချစ်စိတ်နန့် နားလည်ကတ်မယ်။
ရခိုင် ချင်း ချောင်း ခမီး မရမာ
သက် တိရာဝေ အေသူရို့က
စသည်အပြော ယင်းစကားကို
ခွဲခြားစိတ်ထား ယင်းသဘောကို
ပိုင်းခြားဆက်ဆံ ယင်းအကြံကို
ရှောင်ရှားပါလီ ချစ်မိတ်ဆွီရို့
တားမြစ်ပါလီ ပြောဆိုသူကို… လို့
တိုက်တွန်းလိုက်ပါယင့်…
မိန်းမယေက်ျား မခွဲခြားဘဲ
သူ့ရွာ ကိုယ့်ရွာ မခွဲခြားဘဲ
စည်းလီညီလီ အောင်ပွဲဆီ
စည်လုံးညီမှ အောင်ပွဲရ
ငရို့မျှော်မှန်း ငရို့လမ်းကို
ညီညွတ်မှုကို သက်သီတည်ဗျာယ်
လျှောက်လှမ်းကတ်မေ မပြတ်တမ်း……………….။
ရက္ခ၀ံသ
http://uritmree.blogspot.com/2011/02/blog-post_27.html#more
ပင်မ

မခွဲခြားစီချင်

Posted by thadawa  |  No comments

6:44 PM Share:

0 မှတ်ချက်တိ:

Wednesday, March 9, 2011

Date.9,3,2011- Wednesday

Mahachulalongkornrajavidyalaya University,Chiang Mai Campus မှ ပထမဆုံး BA တန်းပြီးဆုံးသူလဲဖြစ်၊ MMSA-၏ ပထမဆုံး ဥက္ကဋ္ဌလည်းဖြစ်သော၊ ကျောင်းသာရေးရာနှင့်လူမှုရေး အမျိုးသား ရေးဆိုင်ရာကဏ္ဍများ၌ နိုင်ရာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး BA(English) ဘွဲ့ပြီးဆုံးသော အသျှင်ဝရသာမိအား MMSAမှ အထူးလှိုက်လှဲအားရ၀မ်းသာစွာဂုဏ်ယူပါကြောင်းနှင့် MMSA- ပေါ် ပေါက်လာဇီရန်ထမဆုံးအားကြိုးမာန်တက်စည်းရုံးကြိုးပမ်းဦးဆောင်ခဲ့မှုများကိုအထူးကျေးဇူးတင်ပါ ကြောင်း MMSA မှ မှတ်တမ်းတင်အပ်ပါသည်။
ထပ်မံ၍ ဆုတောင်းဆန္ဒပြုလိုသည်မှာ-------- ရှိဆက်လျှောက်လှမ်းရမည့် ဘ၀ခရီးလမ်းတလျှောက်တွင် ပညာပြည့်ဝ၊ နှလုံးလှ၍ သုခချမ်းသာ၊ အရာရာသော ကျောင်းခြင်းမင်္ဂလာများ ပိုင်ဆိုင်ပြည့်ဝပါဇီကြောင်း၊ အမျိုးဂုဏ် ဇာတိဂုဏ်ဆိုင်ရာ ကဏ္ဍမျာကိုလည်း ဆထက်တပိုး တိုး၍ ကြိုးစားဆောင်ရွက်နိုင်သော၊ အများကောင်းကျိုး ထမ်းပိုး ရွက်ဆောင်နိုင်၍ မိမိတိုင်းပြည်၊ လူမျိုး၊ ဘာသာ၊သာသာနာတိုးတက်စည်ပင် ပြန့်ပွါးအောင်ဆောင် ရွက်ကြိုးစားနိုင်သောရခိုင်သားကောင်းရတနာတစ်ပါးဖြစ်ပါဇီကြောင်းကျောင်းသားညီကိုများအားလုံးမှ ဆုတောင်းဆန္ဒပြုအပ်ပါသည်။

စာရေးသူ
ဘိက္ခုဖြူ
သတင်း

ဂုဏ်ပြုချီးကျူးခြင်းနှင့်ဆန္ဒပြုနှုတ်ဆက်ခြင်း

Posted by လခြမ်းမြီ  |  No comments

6:52 PM Share:

0 မှတ်ချက်တိ:

ကြည့်ရှူမူ ပမာဏ

ဆက်သွယ်ရန်

Name

Email *

Message *

မကြာသေးမှီမှတ်တမ်း

© 2018 A.S.M.A. Thailand Ayuttaya
.
back to top