သြ၀ါဒါစရိယလျှောက်ထားပန်ကြားခြင်းနှင့် သြ၀ါဒါစရိယခံယူပွဲ
































ဒေါက်တာ ဘဒ္ဒန္တ အရိယ၀ံ Ph.D(India,Italy)
( ပြည်တွင်း ပြည်ပသာသနာပြု၊ အလိုတော်ပြည့်ကျောင်း တိုက်များ၏ အဓိပတိပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ပရိယတ္တိသာသနဟိတဓရ)
ASMA ၏ရာသက်ပန်သြ၀ါဒါစရိယဆရာတော်
ဆရာတော်အရှင်သူမြတ် 2/5/2011 နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်သို့ ရောက်တုန်းရောက်ခိုက်တွင် ASMA၏ သြ၀ါဒါစရိယဆရာတော်အဖြစ် ဆရာတော်အား ASMA ကျောင်းသားများမှလျှောက်ထားပန်ကြားခဲ့ကြ သည်။ ဆရာတော်မှလည်း လက်ခံတော်မူသဖြင့် 6/5/2011 နေ့
ညနေ၄နာရီခွဲ အချိန်တွင် ASMA၏ ပညာဒါနစာသင်ခန်းတွင်
ဆရာတော်အား ကန်တော့ပူဇော်ကြ၍ဆရာတော်ထံမှသြ၀ါဒကထာကို
နာယူခဲ့ကြသည်။

"ASMAကျောင်းသားများအတွက် ဆရာတော်၏သြ၀ါဒကထာ"
စည်းလုံးညီညွတ်စွာနေထိုင်ကြဖို့၊တစ်ဦးနှင့်တစ်ဦးမေတ္တာတရားထား၍
နေထိုင်ကြဖို့၊အဖွဲ့အစည်းကိုလည်းစည်းကမ်းစနစ်တစ်ကျနှင့်စီမံခန့်ခွဲပြီး ခေါင်းဆောင်ဖြစ်တဲ့လူကမှန်မှန်ကန်ကန်ဦးဆောင်ပေးဖို့၊ပြီးတော့ ခေါင်းဆောင်ပြောတဲ့စကားကိုလည်း နောက်လိုက်အဖွဲ့သားများ နားထောင်လိုက်နာဖို့လိုအပ်ကြောင်း မှာကြားသြ၀ါဒပေးခဲ့ပါသည်။

သြ၀ါဒခံယူပွဲအပြီး၌ ဆရာတော်အရှင်သူမြတ်ထံမှ ASMAကျောင်းသားများ၏ရန်ပုံငွေအဖြစ် အလှူငွေ ယူရို 500ကို ပေးအပ်လှူ ဒါန်းခဲ့ပါသည်။
Share on Google Plus

About A.S.M.S ပြန်ကြားရေး

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 မှတ်ချက်တိ:

Post a Comment