21/8/2011 တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်မည့်ASMA ပညာဒါနစသင်ခန်းနှစ်ပတ်လည်နှင့် သင်တန်းကျောင်းသားများစုံညီပွဲအခမ်းအနားတွင် ASMA၏ လုပ်ဆောင်များနှင့်ပတ်သတ်၍ လက်ကမ်းစာစောင်တစ်ခုပြုရန်အတွက် ASMA၏ရည်ရွယ်ချက်၊ဦးတည်ချက်များနှင့်အညီ
ASMA၏လုပ်ဆောင်ခဲ့၊လုပ်ဆောင်ပြီး၊ လက်ရှိလုပ်ဆောင်နေသော လုပ်ဆောင်ချက်များကို ထင်ဟပ်စေနိုင်သော ASMA၏အမြဲတမ်း ဆောင်ပုဒ်၊လင်္ကာတပုဒ်လိုအပ်နေပါသည်။
အဖွဲ့ဝင်သံဃာတော်များအနေဖြင့် မိမိတို့ယုံကြည်သည့်
အားလျော်စွာ အထက်ပါဖော်ပြထားသော အချက်အလက်များ
ကိုပါဝင်စေလျှက် ဆောင်ပုဒ်၊ကဗျာများကိုရေးသား၍ ပြန်ကြားရေးမေးလ်သို့
ပို့ပေးကြရန် အသိပေးပန်ကြားအပ်ပါသည်။
ရွေးချယ်ခံရသော ကဗျာပိုင်ရှင်ကို ဂုဏ်ပြုသောအားဖြင့်
ဆုတော်ငွေ (၅၀၀)ဘတ် ဆုချီမြှင့်မည်ဖြစ်ပါသည်။ ကဗျာ၊ဆောင်ပုဒ်များကို
15/82011 တနင်္လာနေ့ နောက်ဆုံးထား၍ ပို့ပေးကြရန်နှင့် ထိုနေ့ထက်နောက်
မှပို့ပေးလာသော ကဗျာ၊ဆောင်ပုဒ်များကို လက်ခံမည်မဟုတ်ကြောင့်လည်း
အသိပေးအပ်ပါသည်။
ကဗျာအမျိုးအစားမှာ "လေးလုံးဖွဲ့ ကဗျာမျိုးဖြစ်ပြီး၊ အတိုးဆုံးစာကြောင်းရေ
လေးကြောင်း၊ အရှည်ဆုံး စာကြောင်းရေ ရှစ်ကြောင်းဖြစ်ရပါမည်။
(မှတ်ချက်။ ASMA ၏ရည်ရွယ်ချက်နှင့်ဦးတည်ချက်များကိုမရှင်းလင်းပါက ASMA၏စည်းကမ်းများ
နှင့်ဥပေဒေများကို ဖတ်ရှုကြပါရန်လည်း အကြံပြုတိုက်တွန်းအပ်ပါသည်)
ASMA ပညာဒါနစာသင်ခန်း နှစ်ပတ်လည် လက်ကမ်း စာစောင်အတွက် ကဗျာ၊ ဆောင်ပုဒ်များ ဖိတ်ခေါ်
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment