ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ စမဲဒမ်း၊ (၅) လမ်းတွင် ဖွင့်လှစ်ထားသော ASMA ပညာဒါနစာသင်ခန်းသည်
ယခုဆိုလျှင် တစ်နှစ်တိတိပြည့်ခဲ့ပြီဖြစ်သည်။ ဤတစ်နှစ်တာကာလအတွင်း၌ သင်တန်းတက်ရောက်သူ ကျောင်းသားများစွာသည်လည်း ပေါ်ထွက်ခဲ့ပြီဖြစ်သည်။ ASMA ပညာဒါနစာသင်ခန်းအနေဖြင့် တက်
ရောက်လာသောကျောင်းသားများအားထိရောက်သောပညာသင်စနစ်ဖြင့် မသင်ကြားနိုင်စေကာမူ
ပညာဟူသည် လူတိုင်းအတွက် အရေးကြီးကြောင်း၊ မိမိတို့၏အားလပ်သောအချိန်များကို မိမိဘ၀အတွက်
အထောက်အကူပြုနိုင်သော ပညာရပ်တစ်ခုကိုလေ့လာလိုက်စားခြင်းဖြင့် မိမိတို့ဘ၀ကို လက်ရှိအခြေ
အနေထက် တိုးတက်အောင်ဆောင်ရွက်သင့်ကြောင့် "ဘ၀အသိတရား" ကိုပေးအပ်နိုင်ခဲ့သည်မှာ
ငြင်းပယ်၍မရပေ။ ထိုသို့ပေးအပ်နိုင်ခဲ့သည့်အတွက် ASMA အဖွဲ့နှင့် ASMAပညာဒါနစာသင်ခန်းကို
တာဝန်ယူဆောင်ရွက်ခဲ့သော အဖွဲ့ဝင်သံဃာတော်များ၊သင်တန်းပြဆရာ၊ဆရာမများကို အထူးကျေးဇူးတင်
ရှိပါကြောင်း ASMAအဖွဲ့မှ အမြဲတမ်းမှတ်တင်ဂုဏ်ပြုလျှက်ရှိပါသည်။
၂၁-၈-၂၀၁၁ တနင်္ဂနွေနေ့တွင် ASMA ပညာဒါနစာသင်ခန်း နှစ်ပတ်လည်နှင့်သင်တန်းကျောင်းသားများ
စုံညီပွဲအခမ်းအနားကို စမဲဒမ်း (၅)၊ ASMA ပညာဒါနစာသင်ခန်းတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ထို့ကြောင့် အဖွဲ့ဝင်သံဃာတော်များနှင့်သင်တန်းကျောင်းသားများကို ၀မ်းမြောက်ဝမ်းသာစွာ အသိပေးပန်ကြားအပ်ပါသည်။
Wednesday, August 3, 2011
ASMA ပညာဒါနစာသင်ခန်း နှစ်ပတ်လည်နှင့် သင်တန်းကျောင်းသားများစုံညီပွဲ အခမ်းအနားကျင်းပမည်
Posted by A.S.M.A - ပြန်ကြားရေးတာဝန်ခံ |  No comments
8:08 AM
Share:

Postတင်ခြင်းပတ်သက်ပြီး အကြံပြုခြင်း၊Postပေးပို့ခြင်း၊ ဆွေးနွေးလိုခြင်း ရှိလာပါက အောက်က Messenger ကနေပေးပို့နိုင်ပါတယ်။ Messenger
Post တင်သူများ လိုက်နာရန်
** ဘာသာ သာသနာ နန့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေ
တတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
** အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများ
ကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
** သာသနာနန့်မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေ
တတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
** ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနန့်သက်ဆိုင်သောအကျိုးများ
စေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
** ASMA သည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေး
နှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊

0 မှတ်ချက်တိ: