ဤ Websiteသည် ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့၏ တရားဝင်website တစ်ခုဖြစ်ပါသည်။ It is an official website of Arakan Student Monks Association (A.S.M.A), Thailand.

Sunday, September 25, 2011

ထိုင်းဘုရင့်နိုင်ငံတော်တွင်1. Mahachulalongkornrajavidyalaya University, 2.Mahamakut Buddhist University, 3.The World Buddhist University. 4. InternationalBuddhistCollege,
5.College of Religious Studies of Mahidol University, Dearpartment of Buddhist Studies faculty of Social Science and Humanity of Mahidol University (MA and Ph.D) စသည်ဖြင့် ဘာသာရေးတက္ကသိုလ်များ ထဲတွင် မဟာာချူလာလောင်ကွန် တက္ကသိုလ်သည်လည်း ထင်ရှားသောဘာသာ ရေးတက္ကသိုလ်တခုပင်ဖြစ်သည်။
ထိုင်းဘုရင်ကြီး ရာမဘုရင်ကို အစွဲပြု၍ ဘုရင်ကြီး ဘွဲ့အတိုင်း ခေါ်ဝေါ်သုံစွဲလာသော နာမည်ပင်ဖြစ်သည်။ မဟာချူလာတွင် CAMPUS များရှိပြီးထိုင်းနိုင်ငံ၏ဒုတိယမြို့တော် သို့မဟုတ် (ဇင်းမယ်) ယခု ချင်းမိုင် တွင်တည်ရှိသော Chiang Mai Campus လည်း တခု အပါဝင်ဖြစ်သည်။
မဟာချူလာတွင် Thai Program နှင့် English Program (E.P) နှခု ကို လေ့လာသင်ကြားနိုင်သည်။ အိန္ဒိယ၊ ဘင်္ဂလာဒေ့ခ်ျ၊ နီပေါ၊ လာအို၊ ကမ္ဘောဒီးယား၊ဗီယက်နမ် ၊ မြန်မာ နှင့် ထိုင်းနိုင်ငံတို့မှ ကျောင်းသားများ တက်ရောက်သင်ကြားကြသည်။
Chiang Mai ဌါနခွဲတွင် တက္ကသိုလ် တက်ရောက်လိုပါက အောက်ဖေါ်ပြပါ အချက်အလက်များကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်သည်။ အင်္ဂလိပ်စာ အရည်ချင်း အနည်းဆုံး intermediate level လေ့လားထားရမည်။ ဗုဒ္ဓနှင့်ဗုဒ္ဓဘာသာ အကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် နားလည်သည်အထိလေ့လာထားရမည်။ မြန်မာနိုင်ငံမှ ထွက်ခွါရန်မှာ Student sponsor လိုအပ်သည်။

ထိုအချက်အလက်များ ရောက်လာရန်မိမိ၏ မိတ်ဆွေတပါးပါးသို့ မှတ်ပုံတင် passport copy များကို ပို့ပေးရမည်ဖြစ်သည်။
Student sponsor ရောက်လာပါက လေယာဉ်လက်မှတ်နှင့်အတူ သံရုံးတွင် Visa လျှောက်ထားရမည်။ Visa ဖိုးမှာ မြန်မာကျပ်ငွေ (၄၅၀၀၀) ကျပ် ဖြစ်သည်။
သာသနာဝင်ကဒ်၊ပထမကြီးအောင်လက်မှတ်နှင့် အမှတ်စာရင်းတို့ကို နိုတြီပြန်ရမည်။ (ပထမကြီးတန်းနှင့် သာသနဓဇဓမ္မာစရိယ အောင်မြင်ပြီးသော သူတို့မှာ သာသနာရေးဝန်ကြီးဌာနမှ ထောက်ခံချက်များ အမှတ်စာရင်းများ နိုတြီပြန်ထားဖို့ အမှန်တကယ်လိုအပ်ပါသည်)
ဝင်ခွင့်စာမေးပွဲ မှတ်ပုံတင်ရက်တွင် အမည်စာရင်းတင်သွင်းရမည်ဖြစ်ပြီး၊ဝင်ခွင့်ဖြေချိန်မှာ မေလ(၁-၃)ရက်ဖြစ်သည်။ writing နှင့် interview နှခုဖြေဆိုရမည်ဖြစ်သည်။ ရေးဖြေစာမေးပွဲတွင် သာဘာရေးဆိုင်ရာ ကျမ်းစာ၊ ဗဟုသုတနှင့် မိမိ သဘောထား၊ အင်္ဂလိပ်စာအရည်အသွေးများကို ဖြေဆိုရမည်ဖြစ်သည်။ ဝင်ခွင့်စာမေးပွဲ အောင်မြင်သူများ မေလ (၂၅) နေ့ မနက် (၉)နာရီမှ ညနေ (၄)နာရီအထိ အင်တာဗျူး ဖြေဆိုရသည်။ ကျောင်းတက်ဖို့ မှတ်ပုံတင်ခြင်းကိစ္စကို မေလ(၁၅)ရက်နေ့တွင် (၁)နာရီမှ (၅)နာရီအတွင်း ကျောင်းလခ၊ passport အရွယ် ဓာတ်ပုံ၊ လိုအပ်သည်စာရွက်စာတမ်းတို့နှင့်အတူ ပေးသွင်းရမည်။တက္ကသိုလ်မှ သတ်မှတ်ထားသောရက်အတွင်း ငွေပေးသွင်းရန် ကျော်လွန်ပါက တရက်လျှင် ဒဏ်ငွေ ဘတ် (၂၀) ပေးသွင်းရမည်ဖြစ်သည်။ ဝင်ခွင့်အောင်၍ တက္ကသိုလ်မှ ကျောင်းတက်ရန် လက်ခံသော်လည်း နေရမည့် အဆောင်နှင့် အခန်းတို့ကိုကား သက်ဆိုင်ရာမှ တာဝန်မယူပေ။ များသောအားဖြင့် June (17) တွင် ကျောင်း စတက်ရသည်။ Buddhism နှင့် Humanity အဓိက Main Subject အဖြစ်ပြဌါန်းသည်။ Semester တခုစီတွင် ဘာသာရပ် (10) ခု သင်ကြားကြရပြီး ထိုင်း ဘတ်ငွေ (၆၀၀၀) ပေးသွင်းရသည်။ Semester နှခုအတွက် တနှစ်လျှင် (၁၂၀၀၀) ဘတ် ဖြစ်သည်။ စာရွက်ကူးခြင်း၊ စာအုပ်ကူးခြင်း ကျောင်းသားကဒ် လုပ်ခြင်း၊ ကျောင်းတက်ရန် (Taxi) ခ အားလုံးအတွက်လည်း ကုန်ကျမည်ဖြစ်သည်။ ကျောင်းသားဗီဇာမှ တနှစ်သက်တမ်းတိုးခြင်း၊ Visit visa ဖြစ်ပါက သုံးလ လျှောက်ထားခြင်း၊ တနှစ်သက်တန်းတိုးခြင်း များအတွက်လဲ တကြိမ်တကြိမ်လျှင် အနည်းဆုံး ဘတ် (၂၀၀၀) ကုန်ကျမည်ဖြစ်သည်။ ဘန်ကောက်သံရုံးကြီးသို့သွားရမည်ဆိုပါက လမ်းစရိတ် အနည်းဆုံး (၃၀၀၀) ကုန်ကျမည်ဖြစ်သည်။
ဤသည်မှာ မဟာချူလာ တက္ကသိုလ် (ချင်းမိုင်တွင်) တက္ကသိုလ် တက်ရောက်လိုသော မြန်မာ ကျောင်းသား ရဟန်းတော်များအတွက် သိသင့်သမျှ ပင်ဖြစ်ပါသည်။
တနှစ်ပျမ်းမျှ ကုန်ကျမည့် ငွေပမာဏမှာ အနည်းဆုံး ဘတ်ငွေ (၂၅၀၀၀) ခန့် ဖြစ်ပြီး၊ မြန်မာကျပ်ငွေနှင့် ဆိုလျှင် (၇) သိန်းခွဲ ပမာဏလောက်ကုန်ကျမည်ဖြစ်သည်။

..........
ဘိက္ခုဖြူ
လမ်းညွန်များ

မဟာချူလာတက္ကသိုလ် လမ်းညွှန် (ချင်းမိုင်)

Posted by A.S.M.A - ပြန်ကြားရေးတာဝန်ခံ  |  No comments

7:34 PM Share:

0 မှတ်ချက်တိ:

Thursday, September 22, 2011

ဒေခေတ်ကိုရောက်မှ ကမ္ဘာကြီးပူနွီးလာရေ
ကျောက်ခေတ်ကစလို့ ခေတ်ကြီးငါးခေတ်ကို
ကျော်ဖြတ်လာစွာမှာ Democratic ခေတ်ကို
မရောက်သိလားဝေ။

မှတ်ဗျာလ်လား………….
အမှန်ရာဆိုကေ ငါ့ရို့ရခိုင်ပြည်
ယိုင်ကျေးမှုတိပြန့်နှန်း
Natural Recourse တိထုပ်လုပ်
လူ့အခွင့်ရေးတိတည်ဆောက်
Human Recourse တိထွန်းကားလို့
ဟိန်းဟိန်းကြိုးဗျာလ် တည်ဆောက်လို့ရှိဖို့ယေ။

ယေမှကေရာ………
ရင်နာရေဝေ ရင်နာရေ
ငါ့ရို့ရခိုင်ပြည်မှာ စားမလုပ်တိထွန်းကား
အဓမ္မတိထုပ်သုံး Unwitting Law တိသွန်ချ
ငါ့ရို့အခွင့်ရေးတိကို လိုင်ဖင်းရှည်ရှည်နန့်
စောင့်ကြည့်နိန်ဂါတ်တေထော။

ဖာသိဖာသာငါရို့တိ……………
ပြောလို့လည်းမရ ရှင်းပြလို့လည်း
နားမထောင် တင်ပြလို့လည်း
အရာမရောက် နီရာတကာမှ
လဗွီသတ်လို့ ထိန်းမရသိမ်းမရ
ခေါင်းကဖိကေ ဖင်ကဖေါ်ရေ
ငါ့ရို့ရခိုင်လူမျိုးတိ ဆဗွီးချေတိနန့်
ကောင်းတူလာရေကာ။

ယေ......မှတ်ထား……..
ဒေပိုင်အတိုင်းရာ ၁၀ရာဇုနှစ်တစ်ဝက်ကို
ရခိုင်လူမျိုးတိကျော်ဖြတ်ရဖို့ဆိုကေ
မြီပျောက်လို့ လူမျိုးတုဖို့န်းယေ.။

သတိထားဂါတ်ဖိ…….
မျိုးရို့းမကျိုးစီဖို့ လူမျိုးမပျောက်ဖို့
မျိုးရို့ဂုဏ်တင့်တယ်ဖို့
လူ့အခွင့်ရေးတိတည်ဆောက်ဖို့
ကိုယ့်ပြည်ကိုယ့်ရွှကို ပြန်လည်ထူးထောင်ဖို့။
စွမ်းဆောင်ဂါတ်မေဖိ။

ထာဝရသီရိ

ပင်မ

တန်ဖိုးထားပါ ကိုယ့်လူမျိုးကို

Posted by လခြမ်းမြီ  |  No comments

5:42 AM Share:

0 မှတ်ချက်တိ:

Sunday, September 4, 2011

ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ၀နာနိ စ။
အာရာမရုက္ခစေတျာနိ၊မနုဿာ ဘယတဇ္ဇိတာ။
ကြောက်ရွံ့ထိတ်လန့်ကုန်သော များစွာသော လူတို့သည်တောင်တို့ကို လည်းကောင်း၊ တောတို့ကို လည်းကောင်း၊ နေရာတို့ကိုလည်းကောင်း၊အထိကရသစ်ပင်စသော ကိုးကွယ်ရာတို့ကို လည်းကောင်း ကိုးကွယ်ပူဇော်ပသကြကုန်၏။
(ဓမ္မပဒဂါထာ၊၁၈၈)

လူ့သမိုင်းစတင်ကတည်းက လူသားတို့ဟာ ကိုးကွယ်၊ယုံကြည်မှု ဘာသာတရားကို သူတို့ရဲ့ အတွေးအခေါ်၊ ယုံကြည်မှုပေါင်း မျိုးစုံနဲ့ စိုးရိမ်ကြောက်လန့်မူတွေကို အခြေခံပြီး နားလည်သလို ပုံဖော်ဖန်တီးခဲ့ကြပါတယ်၊ လူသားတို့၏ ရှေးသမိုင်းဦးခေတ်မှာ အင်မတန် ကြမ်းတမ်း၊ကြောက်မက်ဖွယ်ကောင်းတဲ့ အယူအဆ၊ ကိုးကွယ် ယုံကြည် မှုမျိုးကိုလည်း တွေ့ရပါတယ်၊ အကြမ်းတမ်းဆုံးကတော့ Human-sacrifice လူ့အသက် သွေးတို့ဖြင့် သူတို့ ကိုးကွယ်ယုံကြည်တဲ့ နတ်များကို သူတို့ရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်လိမ့်မယ်ဆိုတဲ့ လွှဲမှားတဲ့ ယုံကြည်မှုနဲ့ ပူဇော် ပသမှုဖြစ်ပါတယ်။ ဒီအပြုအမူ လုပ်ဆောင်ချက်ဟာ အဲဒီအခါက အရမ်းခေတ်စားတဲ့ ဘာသာထုံးတမ်းစဉ်လာ ကျင့်စဉ်တစ်ခုအဖြစ် ခံယူခဲ့ကြပြီး တန်ဖိုးရှိတဲ့ လူ့အသက် ပေါင်းများစွာကို ပူဇော်ပသမှုပြုခဲ့ကြပါတယ်။ ဒီလိုကြမ်းတမ်း ရက်စက်တဲ့ယုံကြည်မှု ဘာသာရေး ကျင့်စဉ်တွေကို ကမ္ဘာ့သမိုင်း နေရာတော်တော်များများမှာ ရှိခဲ့ပါတယ်။ ဥပမာ အီဂျစ်၊ ဂရိ၊ရောမ၊ တရုတ်၊အိန္ဒိယ၊ပစိဖိတ်ဒေသ၊ မြောက်အမေရိက၊ တောင်အမေရိက၊အနောက်အမေရိက၊ အာဖရိက စသည်နေရာဒေသတွေမှာ အများအပြား တွေ့ရတယ်လို့ ဆိုပါတယ်။
Wikipedia[1] အဆိုအရ ဒီလိုအတွေးအခေါ်အပြုအမူများကို နှစ်ပေါင်း ၅၀၀၀၀ ခန့် (Late Stone Age) အချိန်က စပြီး တွေ့ရှိရတယ်လို့ဆိုပါတယ်။ တရုတ်တွင် B.C 5 ရာစုတွင်စတင်တည်ဆောက်ခဲ့တဲ့ Great Wall မဟာတံတိုင်းကို ဆောက်လုပ်ရာတွင် သူ့အသက်ထောက်ပေါင်းများစွာကို ပူဇော်ပသမှု ပြုခဲ့သည်ဟုဆို၏။ မြောက်အမေရိကတိုက်၊ ယခုလက်ရှိ မက္ကဆီကို၊ Maya ခေတ်တွင် Actes လူမျိုးတို့သည် လူ့အသက်သွေးထောင်ပေါင်းများတို့ဖြင့် နတ်ပူဇော်သမှုကို အကြီးအကျယ် ပြုခဲ့ကြ၏။ 2006 နှစ်တွင်ရိုက်ကူးခဲ့တဲ့ Apocalypto ရုပ်ရှင်ကားဟာ Maya Civilization ခေတ် သမိုင်းဖြစ်ရပ်မှန်ကို အခြေခံထားတာဖြစ်ပါတယ်။ ပူဇော်ပသရာတွင်အသုံးပြုခဲ့တဲ့ ကျောက်ယာဇ်ပလ္လင်ကို မက္ကဆီကို ပြတိုက်တွင် ယခုထိသိမ်းဆည်း ထားပါတယ်၊ ၄င်းပလ္လင်ပေါ်တွင် လူ့အသက်ပေါင်း တစ်သိန်းကျော်ကို ပူဇော်မှုပြုခဲ့သည်ဟုဆို ပါတယ်။ အိန္ဒိယ သမိုင်း ကိုးကွယ်ပူဇော်ပသမှု နှင့်ပတ်သက်၍လည်း တိရစ္ဆာန်၊လူ့ အသက် သွေးတို့ဖြင့် ကိုးကွယ်ပူဇော်ပသမှုရှိသည်ကို ဗုဒ္ဓဘာသာစာပေမှတ်တမ်းတွင် တွေ့ရှိရပါတယ်၊
မြတ်ဗုဒ္ဓကိုယ်တိုင် အသက်သွေးတို့ဖြင့် ပူဇော်ပသမှု အယူအဆတွေကို ဆန့်ကျင် တွန်းလှန် ခဲ့ပါတယ်၊ အဲဒီအယူအဆ ကျင့်စဉ်တွေဟာ အကျိုးတစ်စုံတရာမရှိကြောင်း၊ မကောင်းမှုတို့သာ တိုးပွားကြောင်း၊ ကိုယ်၊နှုတ်၊စတ် တို့ကို ဖြူစင်အောင် စောင့်ထိန်းမှသာလျှင် စိတ်ချမ်းသာပြီး ကြီးပွားတိုးတက်မှုကို ရမည်ဖြစ်ကြောင်း အကျယ်တ၀င့် ပြောဟောပြောခဲ့ပါတယ်။
နောက်ပြီး ထူးခြားတဲ့ဘာသာရေး ကျင့်စဉ်တစ်ခုကား အိမ်ရှင်မတစ်ဦဟာ သူ့မရဲ့ခင်ပွန်း သေဆုံးသွားပါက သူနှင့်အတူ လိုက်သေပေးရခြင်းပင်ဖြစ်၏၊ ၄င်းကျင့်ဝတ်(Sati)ဟာ အိန္ဒိယ၏ အဓိက ဘာသာရေးတစ်ခုဖြစ်တဲ့ ဟိန္ဒူဘာသာရေးမှ ဆင်းသက်လာတဲ့ ဘသာရေးအယူအဆ တစ်ခုဖြစ်ပါတယ်၊ ဒီကျင့်ဝတ်ဟာ ၁၈ ရာစုလောက်ထိ ရှင်သန်ခဲ့ပုံပေါ်ပါတယ်။ Jules Verne ရဲ့ Around the World in Eighty Days ဆိုတဲ့ Adventure Noble ထဲမှာ အဲဒီအကြောင်းလေးကို ထည့်ရေးထားတာကို သတိပြုမိလို့ရပါတယ်။ တစ်ခြားနေရာများနှင့် နှိုင်းစာလျှင် အိန္ဒိယ ဘာသာရေးသည် မပြောင်းလဲသော ရှေးရိုးစွဲ ကိုးကွယ်ယုံမှုတွေကို သက်တမ်းရှည်ကြာသော နေရာဟု ပြော၍ ရနိုင်မည် ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် မှက်မှောက်ခေတ် ၂၁ ရာစုမှာပင် အိန္ဒိယနိုင်ငံတွင် လူ့အသက်သွေးတို့ဖြင့် နတ်ပူဇော်သည့် ဖြစ်ရပ်များကို ကြားနေရလို့ပါUK နိုင်ငံ Sunday 5 March 2006 နေ့က ထုတ်တဲ့ “guardian” Internetသတင်းစာမျက်မှာ Indian cult kills children for goddess[2] ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြစ်ရပ်မှန် သတင်းတစ်ပုဒ်ရေးသားထားပါတယ် Uttar Pradesh ပြည်နယ်မှာ ခလေးငယ်များကို သတ်၍ Kili နတ်သမီးကို ပူဇော်သည့်ဖြစ်ရပ်များကို အကျယ်တ၀င့်ရေးသားထားတာဖြစ်ပါတယ်၊ အိန္ဒိယပြည် မြောက်ပိုင်းတွင် အဖြစ်များပြီး ဝေးလံခေါင်သီ၊ ဖွိ့ဖြိုးတိုးတက်မှု မရှိသည့် အရပ်ဒေသတွေမှမှာ ဖြစ်ပွားလေ့ရှိသည်ဟု ဆိုထားပါတယ်။ လူ့အသက်ကိုသတ်ပြီး လူသားမဆန်တဲ့ ဘယ်လိုပူဇော်ပသမှုမျိုး ကိုမဆို အိန္ဒိယဥပဒေအရ တရားဥပဒေချိုးဖောက်မှုဖြစ်ပြီး ပြင်းပြင်း ထန်ထန် အရေးယူ ခံရ မှာဖြစ်ပါတယ်။ ဒီလိုလူသားမဆန်တဲ့ အပြုအမူတွေကိုယာဉ်ကျေးတဲ့ လူ့အသိုင်းကလက်ခံနိုင်စရာ အကြောင်းမရှိပါ။ အဲဒီလိုပြစ်မှုတွေ လွန်ကျူးသူတွေကို အိန္ဒိယအစိုးက သေဒဏ်ပေး၍ အရေးယူခဲ့ဘူးပါတယ်။[3]

ဒီနေ့ခေတ် ၂၁ ရာစုထဲမှာပင် အဓိပ်ပါယ်မဲ့တဲ့ အယူအဆ၊ ကိုးကွယ်ပူဇော်ပသမှုတွေဟာ ရှင်သန် နေဆဲပါ။ မောဟအမှောင်မိုက်တွေနဲ့ အတွေးအခေါ်၊ ယုံကြည်မှုတွေပျက်စီးပြီး လောဘ၊ဒေါသ၊ မောဟ တရားတွေ အားကြီးကြီးစိုးနေသမျှ ယဉ်ကျေးပြီး ပြည့်စုံတဲ့လူ့အသိုင်းအ၀န်းတစ်ခုဖြစ်လာဖို့ အလှမ်းဝေးနေအုံးမှာပါ။
နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏမုတ္တမံ။
နေတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
ဤ တော တောင် နေရာ အထိကရသစ်ပင်စသော ကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ်ခြင်းသည်
ဘေးကင်းသော ကိုးကွယ်ခြင်းမဟုတ်၊ မြတ်သော ကိုးကွယ်ခြင်း မဟုတ်၊ ဤကိုးကွယ်ရာ
ဟူသမျှကို ကိုးကွယ်ဆည်းကပ် ပူဇော်ပသခြင်းကြောင့် ဆင်းရဲဒုက္ခအပေါင်းတို့မှ မလွတ်မြောက်နိုင်။
(ဓမ္မပဒ ဂါထာ၊ ၁၈၉)
စာကိုး သာရိပုတ္တထေရ နှင့် သဟာယကဗြာဟ္မဏ၀တ္ထု၊ ဓမ္မပဒ
သံကိစ္စသာမဏေ၀တ္ထု၊ ဓမ္မပဒ
၃၇ နတ်မင်း၊ ဦးဖိုးကျား
http://en.wikipedia.org/

[1] http://en.wikipedia.org/wiki/Human_sacrifice#cite_note-102
[2] http://www.guardian.co.uk/world/2006/mar/05/india.theobserver
[3] http://www.religionnewsblog.com/5453/death-to-those-guilty-of-human-sacrifice
ဆောင်းပါး

လူ့သမိုင်းခေတ်ဦး ကိုးကွယ်ပူဇော်ပသမှု

Posted by Traveller  |  No comments

2:57 AM Share:

0 မှတ်ချက်တိ:

ကြည့်ရှူမူ ပမာဏ

ဆက်သွယ်ရန်

Name

Email *

Message *

မကြာသေးမှီမှတ်တမ်း

© 2018 A.S.M.A. Thailand Ayuttaya
.
back to top