လူ့သမိုင်းခေတ်ဦး ကိုးကွယ်ပူဇော်ပသမှု




ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ၀နာနိ စ။
အာရာမရုက္ခစေတျာနိ၊မနုဿာ ဘယတဇ္ဇိတာ။
ကြောက်ရွံ့ထိတ်လန့်ကုန်သော များစွာသော လူတို့သည်တောင်တို့ကို လည်းကောင်း၊ တောတို့ကို လည်းကောင်း၊ နေရာတို့ကိုလည်းကောင်း၊အထိကရသစ်ပင်စသော ကိုးကွယ်ရာတို့ကို လည်းကောင်း ကိုးကွယ်ပူဇော်ပသကြကုန်၏။
(ဓမ္မပဒဂါထာ၊၁၈၈)

လူ့သမိုင်းစတင်ကတည်းက လူသားတို့ဟာ ကိုးကွယ်၊ယုံကြည်မှု ဘာသာတရားကို သူတို့ရဲ့ အတွေးအခေါ်၊ ယုံကြည်မှုပေါင်း မျိုးစုံနဲ့ စိုးရိမ်ကြောက်လန့်မူတွေကို အခြေခံပြီး နားလည်သလို ပုံဖော်ဖန်တီးခဲ့ကြပါတယ်၊ လူသားတို့၏ ရှေးသမိုင်းဦးခေတ်မှာ အင်မတန် ကြမ်းတမ်း၊ကြောက်မက်ဖွယ်ကောင်းတဲ့ အယူအဆ၊ ကိုးကွယ် ယုံကြည် မှုမျိုးကိုလည်း တွေ့ရပါတယ်၊ အကြမ်းတမ်းဆုံးကတော့ Human-sacrifice လူ့အသက် သွေးတို့ဖြင့် သူတို့ ကိုးကွယ်ယုံကြည်တဲ့ နတ်များကို သူတို့ရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်လိမ့်မယ်ဆိုတဲ့ လွှဲမှားတဲ့ ယုံကြည်မှုနဲ့ ပူဇော် ပသမှုဖြစ်ပါတယ်။ ဒီအပြုအမူ လုပ်ဆောင်ချက်ဟာ အဲဒီအခါက အရမ်းခေတ်စားတဲ့ ဘာသာထုံးတမ်းစဉ်လာ ကျင့်စဉ်တစ်ခုအဖြစ် ခံယူခဲ့ကြပြီး တန်ဖိုးရှိတဲ့ လူ့အသက် ပေါင်းများစွာကို ပူဇော်ပသမှုပြုခဲ့ကြပါတယ်။ ဒီလိုကြမ်းတမ်း ရက်စက်တဲ့ယုံကြည်မှု ဘာသာရေး ကျင့်စဉ်တွေကို ကမ္ဘာ့သမိုင်း နေရာတော်တော်များများမှာ ရှိခဲ့ပါတယ်။ ဥပမာ အီဂျစ်၊ ဂရိ၊ရောမ၊ တရုတ်၊အိန္ဒိယ၊ပစိဖိတ်ဒေသ၊ မြောက်အမေရိက၊ တောင်အမေရိက၊အနောက်အမေရိက၊ အာဖရိက စသည်နေရာဒေသတွေမှာ အများအပြား တွေ့ရတယ်လို့ ဆိုပါတယ်။
Wikipedia[1] အဆိုအရ ဒီလိုအတွေးအခေါ်အပြုအမူများကို နှစ်ပေါင်း ၅၀၀၀၀ ခန့် (Late Stone Age) အချိန်က စပြီး တွေ့ရှိရတယ်လို့ဆိုပါတယ်။ တရုတ်တွင် B.C 5 ရာစုတွင်စတင်တည်ဆောက်ခဲ့တဲ့ Great Wall မဟာတံတိုင်းကို ဆောက်လုပ်ရာတွင် သူ့အသက်ထောက်ပေါင်းများစွာကို ပူဇော်ပသမှု ပြုခဲ့သည်ဟုဆို၏။ မြောက်အမေရိကတိုက်၊ ယခုလက်ရှိ မက္ကဆီကို၊ Maya ခေတ်တွင် Actes လူမျိုးတို့သည် လူ့အသက်သွေးထောင်ပေါင်းများတို့ဖြင့် နတ်ပူဇော်သမှုကို အကြီးအကျယ် ပြုခဲ့ကြ၏။ 2006 နှစ်တွင်ရိုက်ကူးခဲ့တဲ့ Apocalypto ရုပ်ရှင်ကားဟာ Maya Civilization ခေတ် သမိုင်းဖြစ်ရပ်မှန်ကို အခြေခံထားတာဖြစ်ပါတယ်။ ပူဇော်ပသရာတွင်အသုံးပြုခဲ့တဲ့ ကျောက်ယာဇ်ပလ္လင်ကို မက္ကဆီကို ပြတိုက်တွင် ယခုထိသိမ်းဆည်း ထားပါတယ်၊ ၄င်းပလ္လင်ပေါ်တွင် လူ့အသက်ပေါင်း တစ်သိန်းကျော်ကို ပူဇော်မှုပြုခဲ့သည်ဟုဆို ပါတယ်။ အိန္ဒိယ သမိုင်း ကိုးကွယ်ပူဇော်ပသမှု နှင့်ပတ်သက်၍လည်း တိရစ္ဆာန်၊လူ့ အသက် သွေးတို့ဖြင့် ကိုးကွယ်ပူဇော်ပသမှုရှိသည်ကို ဗုဒ္ဓဘာသာစာပေမှတ်တမ်းတွင် တွေ့ရှိရပါတယ်၊
မြတ်ဗုဒ္ဓကိုယ်တိုင် အသက်သွေးတို့ဖြင့် ပူဇော်ပသမှု အယူအဆတွေကို ဆန့်ကျင် တွန်းလှန် ခဲ့ပါတယ်၊ အဲဒီအယူအဆ ကျင့်စဉ်တွေဟာ အကျိုးတစ်စုံတရာမရှိကြောင်း၊ မကောင်းမှုတို့သာ တိုးပွားကြောင်း၊ ကိုယ်၊နှုတ်၊စတ် တို့ကို ဖြူစင်အောင် စောင့်ထိန်းမှသာလျှင် စိတ်ချမ်းသာပြီး ကြီးပွားတိုးတက်မှုကို ရမည်ဖြစ်ကြောင်း အကျယ်တ၀င့် ပြောဟောပြောခဲ့ပါတယ်။
နောက်ပြီး ထူးခြားတဲ့ဘာသာရေး ကျင့်စဉ်တစ်ခုကား အိမ်ရှင်မတစ်ဦဟာ သူ့မရဲ့ခင်ပွန်း သေဆုံးသွားပါက သူနှင့်အတူ လိုက်သေပေးရခြင်းပင်ဖြစ်၏၊ ၄င်းကျင့်ဝတ်(Sati)ဟာ အိန္ဒိယ၏ အဓိက ဘာသာရေးတစ်ခုဖြစ်တဲ့ ဟိန္ဒူဘာသာရေးမှ ဆင်းသက်လာတဲ့ ဘသာရေးအယူအဆ တစ်ခုဖြစ်ပါတယ်၊ ဒီကျင့်ဝတ်ဟာ ၁၈ ရာစုလောက်ထိ ရှင်သန်ခဲ့ပုံပေါ်ပါတယ်။ Jules Verne ရဲ့ Around the World in Eighty Days ဆိုတဲ့ Adventure Noble ထဲမှာ အဲဒီအကြောင်းလေးကို ထည့်ရေးထားတာကို သတိပြုမိလို့ရပါတယ်။ တစ်ခြားနေရာများနှင့် နှိုင်းစာလျှင် အိန္ဒိယ ဘာသာရေးသည် မပြောင်းလဲသော ရှေးရိုးစွဲ ကိုးကွယ်ယုံမှုတွေကို သက်တမ်းရှည်ကြာသော နေရာဟု ပြော၍ ရနိုင်မည် ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် မှက်မှောက်ခေတ် ၂၁ ရာစုမှာပင် အိန္ဒိယနိုင်ငံတွင် လူ့အသက်သွေးတို့ဖြင့် နတ်ပူဇော်သည့် ဖြစ်ရပ်များကို ကြားနေရလို့ပါUK နိုင်ငံ Sunday 5 March 2006 နေ့က ထုတ်တဲ့ “guardian” Internetသတင်းစာမျက်မှာ Indian cult kills children for goddess[2] ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြစ်ရပ်မှန် သတင်းတစ်ပုဒ်ရေးသားထားပါတယ် Uttar Pradesh ပြည်နယ်မှာ ခလေးငယ်များကို သတ်၍ Kili နတ်သမီးကို ပူဇော်သည့်ဖြစ်ရပ်များကို အကျယ်တ၀င့်ရေးသားထားတာဖြစ်ပါတယ်၊ အိန္ဒိယပြည် မြောက်ပိုင်းတွင် အဖြစ်များပြီး ဝေးလံခေါင်သီ၊ ဖွိ့ဖြိုးတိုးတက်မှု မရှိသည့် အရပ်ဒေသတွေမှမှာ ဖြစ်ပွားလေ့ရှိသည်ဟု ဆိုထားပါတယ်။ လူ့အသက်ကိုသတ်ပြီး လူသားမဆန်တဲ့ ဘယ်လိုပူဇော်ပသမှုမျိုး ကိုမဆို အိန္ဒိယဥပဒေအရ တရားဥပဒေချိုးဖောက်မှုဖြစ်ပြီး ပြင်းပြင်း ထန်ထန် အရေးယူ ခံရ မှာဖြစ်ပါတယ်။ ဒီလိုလူသားမဆန်တဲ့ အပြုအမူတွေကိုယာဉ်ကျေးတဲ့ လူ့အသိုင်းကလက်ခံနိုင်စရာ အကြောင်းမရှိပါ။ အဲဒီလိုပြစ်မှုတွေ လွန်ကျူးသူတွေကို အိန္ဒိယအစိုးက သေဒဏ်ပေး၍ အရေးယူခဲ့ဘူးပါတယ်။[3]

ဒီနေ့ခေတ် ၂၁ ရာစုထဲမှာပင် အဓိပ်ပါယ်မဲ့တဲ့ အယူအဆ၊ ကိုးကွယ်ပူဇော်ပသမှုတွေဟာ ရှင်သန် နေဆဲပါ။ မောဟအမှောင်မိုက်တွေနဲ့ အတွေးအခေါ်၊ ယုံကြည်မှုတွေပျက်စီးပြီး လောဘ၊ဒေါသ၊ မောဟ တရားတွေ အားကြီးကြီးစိုးနေသမျှ ယဉ်ကျေးပြီး ပြည့်စုံတဲ့လူ့အသိုင်းအ၀န်းတစ်ခုဖြစ်လာဖို့ အလှမ်းဝေးနေအုံးမှာပါ။
နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏမုတ္တမံ။
နေတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
ဤ တော တောင် နေရာ အထိကရသစ်ပင်စသော ကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ်ခြင်းသည်
ဘေးကင်းသော ကိုးကွယ်ခြင်းမဟုတ်၊ မြတ်သော ကိုးကွယ်ခြင်း မဟုတ်၊ ဤကိုးကွယ်ရာ
ဟူသမျှကို ကိုးကွယ်ဆည်းကပ် ပူဇော်ပသခြင်းကြောင့် ဆင်းရဲဒုက္ခအပေါင်းတို့မှ မလွတ်မြောက်နိုင်။
(ဓမ္မပဒ ဂါထာ၊ ၁၈၉)
စာကိုး သာရိပုတ္တထေရ နှင့် သဟာယကဗြာဟ္မဏ၀တ္ထု၊ ဓမ္မပဒ
သံကိစ္စသာမဏေ၀တ္ထု၊ ဓမ္မပဒ
၃၇ နတ်မင်း၊ ဦးဖိုးကျား
http://en.wikipedia.org/

[1] http://en.wikipedia.org/wiki/Human_sacrifice#cite_note-102
[2] http://www.guardian.co.uk/world/2006/mar/05/india.theobserver
[3] http://www.religionnewsblog.com/5453/death-to-those-guilty-of-human-sacrifice
Share on Google Plus

About Traveller

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 မှတ်ချက်တိ:

Post a Comment