ဤ Websiteသည် ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့၏ တရားဝင်website တစ်ခုဖြစ်ပါသည်။ It is an official website of Arakan Student Monks Association (A.S.M.A), Thailand.

Thursday, October 27, 2011

သတင်း

ရေဘေးကယ်ဆယ်ရေး မှတ်တမ်း ဗီဒီယို အပိုင်း (၂)

Posted by ရွာဦးကျောင်း ဆရာတော်  |  No comments

12:53 PM Share:

0 မှတ်ချက်တိ:

Tuesday, October 25, 2011

သတင်း

ရေဘေး ကယ်ဆယ်ရေး မှတ်တမ်း ဗီဒီယို

Posted by ရွာဦးကျောင်း ဆရာတော်  |  No comments

1:17 AM Share:

0 မှတ်ချက်တိ:

Friday, October 21, 2011

ဘစောတင် အောက်တိုဘာ ၂၁

ထိုင်းနိင်ငံ ပထုံဌာနီခရိုင်အတွင်းမှ ရေဘေးဒဏ်ခံနေရသော မြန်မာရွှေ့ပြောင်းအလုပ်သမားများထံသို့ အောက်တိုဘာလ ၁၈ ရက်နေ့က ရခိုင် ကျောင်းသား စာသင်သား ရဟန်းတော်များ (ထိုင်း) A S M A (Thailand) အဖွဲ့မှ စားစရာများနှင့် ဆေးဝါးများကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

ပထုံဌာနီခရိုင် စံခုပ်မြို့နယ် ၀ပ်ကိုင်တိယ ဘုန်းတော်ကြီးကျောင်းအနီးတွင် နေထိုင်ကြသော ဒကာ ဒကာမများက သူတို့ ရေဘေးဒဏ်ခံနေရသဖြင့် လာရောက်အကူအညီပေးပါရန် အကြောင်းကြားလာသဖြင့် ယခုကဲ့သို့ သွားရောက်ကာ အကူအညီ A S M A (Thailand) မှ ဒုဥက္ကဌ ဦးကုဏ္ဍလက မိန့်ကြားသည်။

´ဒကာ မောင်နီတို့က ဖုန်းဆက် အကြောင်းကြားလာတယ်။ ဒါကြောင့် ဦးဇင်းတို့ဆီမှာ ရှိနေတဲ့ ခေါက်ဆွဲခြောက်တွေ စားစရာတွေ ဆေးဝါးတွေကို ပီနန်အိတ်တွေ ထုပ်ပြီး သွားပို့ကြတာ။ သောက်ရေသန့်နဲ့ မားမား ခေါက်ဆွဲ အထုပ်ကြီးတွေကိုတော့ ပက်ကင်လိုက်ဘဲ ကုန်တိုက် ၀ယ်လိုက်ကြတယ်။ ဟိုမှာလူတွေ ဒုက္ခ အရမ်းရောက်နေကြတော့ ဦးဇင်းတို့လည်း ရှိတဲ့ဟာနဲ့ ဘဲသွားကြတာ။ စရိတ်စကအတွက်တော့ စုပေါင်း ထည့်ကြတာပေါ့ ´ 

စံခုပ် မြို့နယ် ၀ပ်ကိုင်တိယ ဘုန်းတော်ကြီးကျောင်းအနီးတွင် SCK စက်ရုံ မီးသီး စက်ရုံနှင့် အထပ်သား စက်ရုံများ ရှိကြသည်။ ယင်းစက်ရုံအသီးသီးတွင် မြန်မာနိုင်ငံသား ၁၀၀၀ ၀န်းကျင်ရှိပြီး ရခိုင်လူမျိုးသက်သက်ပင် ၂၀၀ ၀န်းကျင်ရှိကြောင်း သိရသည်။ 

ရခိုင်သံဃာတော်များက ဦးဆောင်ကာ လာရောက်လှူဒါန်းသော်လည်း ရခိုင်လူမျိုးသက်သက်ကိုသာ ပေးလှူခြင်း မဟုတ်ဘဲ ရေဘေးသင့်သူ အားလုံးကိုပါ လှူဒါန်းခြင်းဖြစ်ကြောင်း ဥက္ကဌ ဆရာတော် ဦးပညာသာရဗောဓိက မိန့်ဆိုသည်။ 

´ဦးဇင်းတို့ အလှူစပေးတော့ ရခိုင်တွေဘဲ လာနေကြတာတွေ့နေရလို့ မဟုတ်ဘူး ရခိုင်တွေမှမဟုတ်ဘူး အားလုံးကို လာလှူတာလို့ပြောမှ ဗမာတွေ ကရင်တွေ မွန်တွေ တောင်ကြီးရှမ်းတွေ ထားဝယ်တွေ အကုန်လာကြတယ်။ ကိုယ့်မြန်မာပြည်သားတင်မကဘူး ထိုင်း။ လာအို။ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တွေတောင် ဦးဇင်းတို့လှူတာကို လာယူကြတယ်လို့ ဒကာတွေက ပြန်ပြောကြတယ်။ ဒီတနေရာတည်းမှာဘဲ အနည်းဆုံး လူ ၃၀၀ အထက် ရှိတယ်။ အခြားနေရာတွေကို ဒကာမောင်နီတို့ လိုက်ပို့တာနဲ့ဆိုရင် ရေဘေးသင့်သူ အနည်းဆုံး ၅၀၀လောက်တော့ ကူညီခဲ့ရတယ် ပြောရမှာပေါ့´ ဟု ပြောသည်။ 

ရေဘေးသင့်သူများသည် မိမိတို့နီးစပ်ရာသို့ ထွက်ပြေးကာ ရေလွတ်ရာတွင် စုပေါင်း နေထိုင်နေကြသဖြင့် အချို့နေရာတွင် လူ ၁၀၀။ အချိ့နေရာများတွင် လူ ၅၀ စသည်ဖြင့် တကွဲတပြားနေထိုင်နေကြရကြောင်း သိရသည်။ ယခုအလှူပြုလုပ်ပေးသော နေရာမှာ ၀ပ်ခုပ်မြို့ မဲ့ယိုင်အရပ်ရှိ Valachai Group အထပ်သား စက်ရုံတွင် ဖြစ်သည်။ ယင်းစက်မှ အလုပ်သမားများနေသော တိုက်ကြီးမှ ငါးထပ်ကြီးဖြစ်သဖြင့် ရေမမြုပ်သေးပါ။ 
                                                                                                                                                                    သို့သော် ကားများ ဆိုင်ကယ်များ ရပ်နားရာနေရာဖြစ်သည့် အောက်ဆုံးနေရာတွင် ယခုအခါ ရေများ ပေါင်လည်လောက် တက်လာနေပြီဖြစ်ကြောင်း သိရသည်။ 

ရဟန်းသံဃာများက ယခုကဲ့သို့ လာရောက်လှူဒါန်းသည်ကို အလွန်တရာ ၀မ်းသာမိကြောင်း Vanachai Group အထပ်သား စက်ရုံမှ ကိုတင်အောင်ထွန်းက ပြောသည်။

´ကျနော်တို့ဆီကို ဘယ်အဖွဲ့အစည်းမှ ရောက်မလာသေးဘူး ကျနော်တို့ ရခိုင်ဘုန်းကြီးတွေ အခုလိုလာရောက် ကူညီတာ အရမ်းဝမ်းသာတယ်။ အရှင်ဘုရားများက ပထမဆုံး လာခြင်းဖြစ်တယ်။ ပြီးတော့ လူမျိုးမခွဲ ဘာသာမခွဲခြားဘဲ အခုလိုလှူတယ်ဆိုတော့ ကျနော်တို့ ရခိုင်တွေအတွက် ဂုဏ်လည်းတက်တာပေါ့´ ဟု သူကဆိုသည်။ 

ယင်းသို့ လှူဒါန်းရန်သွားရာတွင် အဓိကကျသော အခက်အခဲတရပ်မှာ ရေဘေးဒုက္ခသည်များထံသို့ သွားရန် လှေငှါး၍ မရခြင်းဖြစ်ကြောင်း သိရသည်။ ရေဘေးဒုက္ခသည်များအတွက် မားမား ခေါက်ဆွဲခြောက်များကဲ့သို့သော အရာများထက် ဆန်ဆီဆား ငရုတ် ကြက်သွန် ငပိ ငခြောက်များစသည့် မီးဖိုချောင်သုံး ပစ္စည်းများကို ပို့ပေး ကူညီ လှူဒါန်းခြင်းက ပိုမိုကောင်းမည်ဖြစ်ကြောင်း ကိုမောင်နီကပြောသည်။

´လူတွေက ပြောကြတယ်ဆရာ။ မားမားကို များများစားရင် ဗိုက်ပွပြီး နေမကောင်းဖြစ်နိုင်တယ်တဲ့။ ဒါကြောင့် နောက်ထပ် ကူညီမဲ့သူတွေ လာဦးမယ်ဆိုရင် ကျနော်တို့ လူမျိုးတွေနဲ့ ကိုက်ညီတဲ့ ဆန်တို့ ဘာတို့ မီးဖိုချောင်သုံး ပစ္စည်းတွေဘဲ ယူလာဖို့ ပြောပေးပါဆရာ´ ဟု ဆိုသည်။ 

ထိုင်းနိုင်ငံ ရေကြီးမှုသည် ယခုအခါ လျော့ပါးမသွားဘဲ ပိုမိုဆိုးဝါးလာရာ ဘန်ကောက်မြို့တော်အနီးသို့ ပင် ရောက်နေပြီဟု သိရသည်။

ယင်းရေကြီးမှုကြောင်း သန်းနှင့်ချီသော ထိုင်းလူမျိုးများ ရေဘေးဒုက္ခ ခံစားနေရသကဲ့သို့ ယင်းတို့ကို မှီခိုကာ အလုပ်လုပ်နေကြသော များပြားလှသည့် မြန်မာအလုပ်သမားများလည်း ရေဘေးဒဏ်ကို ခံစားနေကြရကြောင်း သတင်းရရှိသည်။ 

မှတ်ချက်။ ဤသတင်းကို ဖတ်ရှုရ၍ ရေဘေးဒုက္ခသည်များကို စာနာသဖြင့် ကူညီလိုပါက အောက်ပါ ပုဂ္ဂိုလ်များမှလည်း ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

ဦးဌေးဝင်း (ဘစောတင်) arakannews@gmail.com
အယ်ဒီတာ
ရခိုင်အမျိုးသား သတင်းစာ (ဘန်ကောက်)
ဖုန်း ၀၈၆ ၉၃၆၈ ၇၂၁

ဥက္ကဌ- ဦးပညာသာရဗောဓိ (M.A) ဖုန်း ၀၈၇ ၅၁၁ ၁၂၇၅ pyinnyarasre@gmail.com
(မဟာဝိဇ္ဇာ) မဟာချူလာလောင်ကွန်း တက္ကသိုလ်
ရခိုင်ကျောင်းသား ရဟန်းတော်များအဖွဲ့ (ထိုင်း) Arakan Student Monks Association (Thailand) A. S. M. A (Thailand)

ဒု-ဥက္ကဋ္ဌ -ဦးကုဏ္ဍလ (B.A) ဖုန်း-၀၈၅ ၁၂၃ ၅၀၅၄  venukundala2008@gmail.com
Mahamakut Buddhist University

ဦးရေဝတ (M.A) ပြန်ကြားရေး
ဖုန်း ၀၈၅ ၀၂၂ ၂၀၁၃

လုပ်ဆောင်မှု

ရခိုင် ကျောင်းသား ရဟန်းတော်များ (ထိုင်း) အဖွဲ့မှ ရေဘေးဒဏ် ခံနေရသူ မြန်မာနိုင်ငံသားများထံသို့ သွားရောက် ကူညီ

7:14 AM Share:

0 မှတ်ချက်တိ:

Wednesday, October 19, 2011

A.S.M.A 19.10.2011
ထိုင်းနိုင်ငံရှိ ခရိုင် ၇၆ ခုအနက် ၆၁ ခုတွင် ရေကြီးမှုဒဏ် ခံနေရပြီး လူဦးရေ ၈၂ သိန်းကျော် ရေဘေးနှင့် ရင်ဆိုင်နေရကာ သေဆုံးသူ (၃၀၀) ကျော်ရှိပြီဟု ဆိုသည်။
ထိုအထဲတွင် မြန်မာနိုင်ငံ ဒေသအသီးသီးတို့မှ လာရောက်အလုပ်လုပ်ကိုင်နေကြသော၊ မြန်မာရွေ့ပြောင်း အလုပ်သမားများလည်း၊ ရေဘေးကြောင့် ဒုက္ခရောက်လျှက်ရှိကြောင်း၊ ပထုန်ဋ္ဌာနီခရိုင် တလာပထုန်ဈေးအနီး လုပ်ငန်မေယိုင်၊ SCK အလုပ်ရုံနှင့် ဆမ်ခုတ် (Sam khaot) အရပ်များမှ  ဆက်သွယ် အကူအညီတောင်းခံမှူများကြောင့်။

ထိုင်းနိုင်ငံ တက္ကသိုလ် အသီးသီးတို့တွင် ပညာသင်ကြားနေကြသော ရခိုင်ကျောင်းသား ရဟန်းတော်များ အဖွဲ့ (A.S.M.A) မှ၊ သွားရောက်၍ ရေသန့် ၊ မာမားခေါက်ဆွဲ၊ ကော်ဖီမစ်၊ ဓာတ်ဆားထုပ်များနှင့် အခြား ဆေးပစ္စည်းများကို အဖွဲ့၏ နာယက၊ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ များနှင့်၊ အဖွဲ့ဝင်သံဃာတော်များမှ သွားရောက်၍ ကူညီလှူန်းခဲ့ကြပါသည်။

၎င်း ရေဘေး ဒုက္ခသည်များအား အရေးပေါ်ဆက်သွယ်နိုင်ကြစေရန်၊ ဒွန်မောင်းလေဆိပ်တွင် ထိုင်းအစိုးရမှ ဖွင့်လှစ်ထားသော၊ ရေဘေးကယ်ဆယ်ရေးတာဝန်ခံ ဖိနုတ် ဖုန်း=၀၈၅ ၃၃၂၇၅၅၃။
ထိုင်းစကားမပြောတတ်သောမြန်မာအလုပ်သမားများအတွက် ၀၈၅-၃၇၀၀၅၉၆၊ ၀၈၀-၅၅၂၂၀၆၂၊ ၀၈၉-၆၃၇၅၂၇၁ စတဲ့ ဖုန်းနံပါတ်များကို ဆက်သွယ် မေးမြန်းနိုင်ကြောင်းနှင့်။

ဝန်ကြီးချုပ်ရုံးကို တိုက်ရိုက်ဆက်သွယ်လိုပါက အရေးပေါ်ဖုန်းနံပတ် ၁၁၁၁ နှင့်၊ ခရီးသွားလာရာတွင် ရေဘေးလွတ်ရာ လမ်းကြောင်းကို သိလိုပါက  ဖုန်းနံပါတ် ၁၄၉၀ ကို ဆက်သွယ်နိုင်ကြောင်း။ အရေးပေါ်ဆေးကုသရေး လိုအပ်ရင် အရေးပေါ်ကျန်းမာရေးဌာန ဖုန်းနံပါတ် ၁၆၆၉ ကိုလည်း ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း ပြောပြခဲ့ကြပါသည်။

A.S.M.A အဖွဲ့အနေဖြင့်၊ အခြားသော ရေဘေးသင့် မြန်မာ ရွေ့ပြောင်း အလုပ်သမားများကိုလည်း တတ်နိုင်သည့်ဖက်မှ အင်တိုက် အားတိုက် ဆက်လက် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွဲ့ဝင်သံဃာတော်များမှ ဆုံးဖြတ်ခဲ့ကြပါသည်။
သတင်း

ရေဘေးသင့် မြန်မာများအား သွားရောက်ကူညီ

11:16 AM Share:

0 မှတ်ချက်တိ:

ကြည့်ရှူမူ ပမာဏ

ဆက်သွယ်ရန်

Name

Email *

Message *

မကြာသေးမှီမှတ်တမ်း

နှစ်စဉ်အလိုက်မှတ်တမ်း

© 2018 A.S.M.A. Thailand Ayuttaya
.
back to top