ရေဘေးသင့် မြန်မာများအား သွားရောက်ကူညီ

A.S.M.A 19.10.2011
ထိုင်းနိုင်ငံရှိ ခရိုင် ၇၆ ခုအနက် ၆၁ ခုတွင် ရေကြီးမှုဒဏ် ခံနေရပြီး လူဦးရေ ၈၂ သိန်းကျော် ရေဘေးနှင့် ရင်ဆိုင်နေရကာ သေဆုံးသူ (၃၀၀) ကျော်ရှိပြီဟု ဆိုသည်။
ထိုအထဲတွင် မြန်မာနိုင်ငံ ဒေသအသီးသီးတို့မှ လာရောက်အလုပ်လုပ်ကိုင်နေကြသော၊ မြန်မာရွေ့ပြောင်း အလုပ်သမားများလည်း၊ ရေဘေးကြောင့် ဒုက္ခရောက်လျှက်ရှိကြောင်း၊ ပထုန်ဋ္ဌာနီခရိုင် တလာပထုန်ဈေးအနီး လုပ်ငန်မေယိုင်၊ SCK အလုပ်ရုံနှင့် ဆမ်ခုတ် (Sam khaot) အရပ်များမှ  ဆက်သွယ် အကူအညီတောင်းခံမှူများကြောင့်။

ထိုင်းနိုင်ငံ တက္ကသိုလ် အသီးသီးတို့တွင် ပညာသင်ကြားနေကြသော ရခိုင်ကျောင်းသား ရဟန်းတော်များ အဖွဲ့ (A.S.M.A) မှ၊ သွားရောက်၍ ရေသန့် ၊ မာမားခေါက်ဆွဲ၊ ကော်ဖီမစ်၊ ဓာတ်ဆားထုပ်များနှင့် အခြား ဆေးပစ္စည်းများကို အဖွဲ့၏ နာယက၊ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ များနှင့်၊ အဖွဲ့ဝင်သံဃာတော်များမှ သွားရောက်၍ ကူညီလှူန်းခဲ့ကြပါသည်။

၎င်း ရေဘေး ဒုက္ခသည်များအား အရေးပေါ်ဆက်သွယ်နိုင်ကြစေရန်၊ ဒွန်မောင်းလေဆိပ်တွင် ထိုင်းအစိုးရမှ ဖွင့်လှစ်ထားသော၊ ရေဘေးကယ်ဆယ်ရေးတာဝန်ခံ ဖိနုတ် ဖုန်း=၀၈၅ ၃၃၂၇၅၅၃။
ထိုင်းစကားမပြောတတ်သောမြန်မာအလုပ်သမားများအတွက် ၀၈၅-၃၇၀၀၅၉၆၊ ၀၈၀-၅၅၂၂၀၆၂၊ ၀၈၉-၆၃၇၅၂၇၁ စတဲ့ ဖုန်းနံပါတ်များကို ဆက်သွယ် မေးမြန်းနိုင်ကြောင်းနှင့်။


ဝန်ကြီးချုပ်ရုံးကို တိုက်ရိုက်ဆက်သွယ်လိုပါက အရေးပေါ်ဖုန်းနံပတ် ၁၁၁၁ နှင့်၊ ခရီးသွားလာရာတွင် ရေဘေးလွတ်ရာ လမ်းကြောင်းကို သိလိုပါက  ဖုန်းနံပါတ် ၁၄၉၀ ကို ဆက်သွယ်နိုင်ကြောင်း။ အရေးပေါ်ဆေးကုသရေး လိုအပ်ရင် အရေးပေါ်ကျန်းမာရေးဌာန ဖုန်းနံပါတ် ၁၆၆၉ ကိုလည်း ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း ပြောပြခဲ့ကြပါသည်။

A.S.M.A အဖွဲ့အနေဖြင့်၊ အခြားသော ရေဘေးသင့် မြန်မာ ရွေ့ပြောင်း အလုပ်သမားများကိုလည်း တတ်နိုင်သည့်ဖက်မှ အင်တိုက် အားတိုက် ဆက်လက် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွဲ့ဝင်သံဃာတော်များမှ ဆုံးဖြတ်ခဲ့ကြပါသည်။

No comments:

Post a Comment