ဤ Websiteသည် ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့၏ တရားဝင်website တစ်ခုဖြစ်ပါသည်။ It is an official website of Arakan Student Monks Association (A.S.M.A), Thailand.

Tuesday, November 29, 2011

သတင်း

ဝပ်တလုမ်ကျောင်း ရေဘေး

Posted by ရွာဦးကျောင်း ဆရာတော်  |  No comments

10:37 AM Share:

0 မှတ်ချက်တိ:

Friday, November 25, 2011

သတင်း

ဘန်ကောက်ရေဘေး ကယ်ဆယ်ရေး ဗီဒီယို မှတ်တမ်း

Posted by ရွာဦးကျောင်း ဆရာတော်  |  No comments

8:19 AM Share:

0 မှတ်ချက်တိ:

ရိုသေစွာလျှောက်ထားအပ်ပါသည် သံဃာတော်အရှင်သူမြတ်တို့ဘုရား၊ ယ္ခုတင်လိုက်သော ဂီရိသတင်းနှင့် ပတ်သက်သော Post များမှာ၊ ရခိုင်ပြည်နယ်အတွင်း၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် တိုက်ခတ်သွားသော၊ ဂီရိဆိုင်ကလုံးမုန်းတိုင်းကာလအတွင် A.S.M.A မှ ကူညီခဲ့သော သတင်းများကို ၄င်းဘလော့မှ ကူးယူ၍ တပည့်တော်တို့အသင်း၏ လုပ်ဆောင်ချက်တစ်ခုအနေဖြင့်၊ ဤဘလော့တွင် မှတ်တမ်းအဖြစ် ပြန်လည် သိမ်းဆည်းထားခြင်းသာ ဖြစ်ပါကြောင်း ရိုသေစွာလျှောက်ထားအပ်ပါသည် သံဃာတော်အရှင်သူမြတ်တို့ဘုရား။ှA.S.M.A
သတင်း

A.S.M.A အဖွဲ့ ဝင်များအား လျှောက်ထားခြင်း

8:10 AM Share:

0 မှတ်ချက်တိ:

ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်း)မှ ဦးစီး၍၊ ဂီရိမုန်တိုင်းဒဏ်သင့် ဒေသများသို့၊ ဆန် ဓနိ အမိုအကာနှင့်၊ အခြားသော လိုအပ်သည့်အကူအညီများကို ရဟန်းတော်များကိုယ်တိုင် သွားရောက် ဖြည့်ဆည်းပေးလျှက်ရှိရာ။
ယခုအခါ= ပြည်ပရောက်စေတနာရှင်များ၏ ပါဝင်လှူဒါန်းမှုအစုစုတို့ဖြင့်၊ ဒေသခံဆရာတော်များ၏ အကူအညီကိုရယူကာ၊ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော၊ တာတမံများကို ပြန်လည်ပြုပြင်ပေးလျှက်ရှိပါသည်။
၎င်းတာတမံများမှာ လာမည့် မိုးစပါးစိုက်ရာသီအမီ ပြန်လည်ပြုပြင်နိုင်ရန် အရေးတကြီး လိုအပ်လျှက်ရှိပါသည်၊ ရခိုင်ပြည်ရှိ လယ်သမားများမှာ စပါးစိုက်ပျိုးနိုင်ရန်အတွက် မိမိတို့၏ လယ်ကွင်းများအတွင်းသို့ ပင်လယ်ဆားငံရည်များ မဝင်နိုင်ရန် ဒေသအခေါ်(ကာရီ) ဟုခေါ်သော၊ တာတမံများကိုဆယ်ကာ၊ စပါးစိုက်ပျိုးရကြောင်း သိရှိရပါသည်။
ယခုအခါ ၄င်းကာရီများမှာ မုန်တိုင်းဒဏ်ကြောင့် ကျိုးပျက်သွားပြီး၊ လယ်ကွင်းများမှာလည်း ပင်လယ်ဆာငံရည်ဝင်ရောက်မှူကြောင့် စပါးများစိုက်ပျိုရန် များစွာ အခက်အခဲရှိကြောင်း သိရှိရပါသည်။ ထိုအခက်အခဲများကို တတ်နိုင်သည့်ဖက်မှ ကူညီဖြေရှင်းပေးနိုင်ရန်အတွက်၊ ဤဂီရိလေဘေးဒုက္ခသည်များ ကူညီရေးကော်မတီ (ထိုင်း)မှ၊ ပြည်ပရောက် စေတနာရှင်များ၏ အလှူငွေများဖြင့်၊ ကော်မတီဝင်ရဟန်းတော်များနှင့် ဒေသခံဆရာတော်များဦးစီးကာ၊ ကျပ်ငွေ (သိန်း- ၂၀၀) သိန်းနှစ်ရာနှင့် ညီမျှသော အကူအညီများကို အောက်ဖော်ပြပါ နေရာများတွင် ကျိုးပျက်သွားသော ကာရီများအား ပြန်လည် တည်ဆောက်ပေးလျှက်ရှိပါသည်။
ကျောက်ဖြူမြို့နယ်၊ ကုက္ကိုကျေးရွာအနီးတဝိုက်မှ၊ လင်လုပ်တောကာရီ၊ ဂဏန်းချောင်းကာရီ၊ ရွာချောင်းဝကာရီ၊ ယာကြီးကွင်းကာရီ၊ တုံးကြီးချောင်းကာရီ၊ ပြူးတောကွင်းကာရီ၊ အလယ်တံနှာကာရီ၊ ပြာတောချေကာရီ။ ဝဘော်ကြီးကျေးရွာမှ လှဘုံမေကာရီ(၂)၊ လှဘုံမေကာရီ(၃) နှင့်။ ရေတွင်းတူးကျေးရွာမှ ကျောက်တန်းကာရီ အပါအဝင် စုစုပေါင်း ကာရီ ၁၁ လုံးကို ပြန်လည်ပြုပြင် တည်ဆောက်ပေးလျှက်ရှိပါသည်။
အခြားသောနေရာများတွင်လည်း ဆက်လက်ကူညီတည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့်၊ စေတနာရှင်များအားလည်း ပါဝင်ကူညီလှူဒါန်းနိုင်ကြပါရန် နိုင်ဆော်တိုက်တွန်းအပ်ပါသည်။
Thursday, 10 February 2011
သတင်း

ဂီရိဒေသသို့ ကျပ်ငွေသိန်း ၂၀၀ ထောက်ပံ့လှူဒါန်း

8:03 AM Share:

0 မှတ်ချက်တိ:

ဂီရိလေဘေး ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး ကော်မတီ (ထိုင်း) သို့၊ International Buddhis College (Ko Rat Campus) မှ၊ အလှူတော်ငွေ ဘတ် ငါးသိန်းလှူဒါန်းခဲ့ခြင်းအတွက်၊ လေဘေးကယ်ဆယ်ရေး အဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခန်းအနား တစ်ရပ်ကို၊ ၂၃.၁၂.၂၀၁၀ နေ့တွင်၊ ၄င်းကောလိပ် တည်ရှိရာ ထိုင်းနိုင်ငံ၊ ခိုရပ်မြို့၌ ပြုလုပ်ကျင်းပခဲ့ပြီး၊
အခန်းအနားတွင် ဂီရိလေဘေး ကယ်ဆယ်ရေ ကော်မတီ (ပြန်ကြားရေ) ဆရာတော်ဦးကဝိန္ဒမှ လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြကာ၊ နာယက ဆရာတော် ဦးသုဝဏ္ဏ မှ လှူဒါန်းထားသော အလှူငွေ ဘတ် ငါးသိန်း အတွက်၊ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး၊ IBC ကောလိပ် (ခိုရပ်)မှ၊ တာဝန်ခံ ကျန်းသျှင်က လက်ခံရယူ ခဲ့ကြောင်း သတင်းရရှိပါသည်။
ရခိုင်ပြည်နယ် ဂီရိလေဘေးသင့် ဒေသများသို့၊ ဂီရိလေဘေး ကယ်ဆယ်ရေး ကော်မတီ (ထိုင်း)မှ၊ ကျပ်ငွေ သိန်းတစ်ရာ့တစ်ဆယ်နှင့် ညီမျှသော ဆန်နှင့် အမိုးအကာများ ငွေသာအလှူများ လှူဒါန်းပြီးဖြစ်ပြီ။ နောက်ထပ် ရရှိလာသော အလှူငွေများဖြင့်၊ ပျက်စီးသွား သော တာတမံများကို ပြန်လည်ပြုပြင်သွားမည် ဖြစ် ကြောင်း၊ ပါဝင်လှူဒါန်းလိုသော စေတနာရှင်များ အနေဖြင့် လူကိုယ်တိုင် တိုက်ရိုက်ဖြစ်စေ၊ ဘဏ်မှ တစ်ဆင့်ဖြစ်စေ၊ အောက်ပါ လိပ်စာများသို့ ဆက်သွယ် လှူဒါန်းနိုင်ပါ ကြောင်း၊ နိုဆော်အပ်ပါသည်။ ထိုင်းနိုင်ငံ အလှူခံရာဌာန နှင့် ဘဏ် အကောင့် Cyclone Giri Relief Committee of Thailand Wat Talom, Charan 13, Khlong Khwang, Phasi Charoen, Bangkok 10160,Thailand Bank account Name - Phra Kaweinda A/C No - 119-234694-4 Bank Name - Siam Commercial Bank, Thailand သတင်းနှင့် ပြန်ကြားရေးတာဝန်ခံများ Ven. Kundala,(+66-851235054,Email:venukundala2008@gmail.com) Ven. Kavinda (+66-851663197, Email: kavi.inda@gmail.com) Ven. Aloka (+66-894348411, Email: realsingle@gmail.cm) Ven. Indobhasa(+66-850603342,Email: indobhasaa@yahoo.com) Ven. Nanissara(+66-814919143, Email: nanissara@hotmail.com) Ven. Nyanika(+66-835550824,Email: nyanika.2008@gmail.com

Thursday, 23 December 2010 
သတင်း

IBC ကောလိပ်မှ ဘတ်ငွေငါးသိန်း ကူညီလှူဒါန်း

7:56 AM Share:

0 မှတ်ချက်တိ:

ရခိုင်ပြည်၊ ကျောက်ဖြူမြို့၊ သန္တာမြေဘိုးဘွာားဓမ္မရိပ်သာ၌ ဂီရိအမည်ရှိ ဆိုင်ကလုန်း မုန်းတိုင်းကြောင့် ပျက်စီးသွားသော အဆောင်များ ပြန်လည် ပြုပြင်ရန်အတွက် သွပ် (သံဖြူ)၊ ဓနိ ဝယ်ရန်၊ ၂၀၁၀ ခု၊ နိုင်ဝင်ဘာလ (၁၁) ရက်နေ့၊ ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ)မှ ဦးစီးသော ဂီရိလေဘေးဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီမှ အလှေူတော်ငွေ (၁) သိန်းကျပ် ဆက်ကပ်လှူဒါန်း။ Wednesday, 1 December 2010
သတင်း

သန္တာမြေဘိုးဘွားဓမ္မရိပ်သာသို့ အလှူငွေကျပ် တစ်သိန်းလှူဒါန်း

Posted by ရွာဦးကျောင်း ဆရာတော်  |  No comments

ရခိုင်ပြည်၊ ကျောက်ဖြူမြို့၊ သန္တာမြေဘိုးဘွာားဓမ္မရိပ်သာ၌ ဂီရိအမည်ရှိ ဆိုင်ကလုန်း မုန်းတိုင်းကြောင့် ပျက်စီးသွားသော အဆောင်များ ပြန်လည် ပြုပြင်ရန်အတွက် သွပ် (သံဖြူ)၊ ဓနိ ဝယ်ရန်၊ ၂၀၁၀ ခု၊ နိုင်ဝင်ဘာလ (၁၁) ရက်နေ့၊ ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ)မှ ဦးစီးသော ဂီရိလေဘေးဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီမှ အလှေူတော်ငွေ (၁) သိန်းကျပ် ဆက်ကပ်လှူဒါန်း။ Wednesday, 1 December 2010

7:51 AM Share:

0 မှတ်ချက်တိ:

ဂီရိမုန်တိုင်း လေဘေး ဒုက္ခသည်များ ကူညီထောက်ပံ့ရေး ကော်မတီ (ထိုင်း) မှ ကျပ်ငွေ သိန်း (၁၁၀) ကျပ်နှင့် ညီမျှသော၊ ဆန်နှင့် ဓနိ အစရှိသော အခြားအကူုအညီများ ပေးအပ်လှူဒါန်း။
အောက်တိုဘာလ ၂၂ ရက်နေ့တွင် category 4 အင်အားဖြင့်၊ ရခိုင်ပြည်နယ်အား ဝင်ရောက် တိုက်ခတ်ခဲ့သော ဆိုင်ကလုံးမုန်းတိုင်းဂီရိသည်၊ ကျောက်ဖြူ၊ မြေပုံ၊ မင်းပြားနှင့် ပေါက်တောမြိုနယ် များအား၊ ဖြတ်သန်း တိုက်ခတ်သွားပြီး၊ နေအိမ် လမ်း တံထား အဆောက်အဦး လယ်ယာမြေ မွေးမြူရေးလုပ်ငန်း ဆားကွင်းမြောက်များစွာနှင့် အသက်ပေါင်းများစွာတို့ကို ဖျက်ဆီးပစ်ခဲ့ပြီး၊ သောက်ရေ သုံးရေကန်များမှာလည်း ပင်လယ်ဆားငံရေ ဝင်ရောက်ခဲ့သဖြင့် မုန်းတိုင်းကျရောက်ခဲ့သော ဒေသများအတွင်းမှ လေဘေးဒုက္ခ သည်များမှာ အခက်အခဲပေါင်း များစွာတို့ကို ရင်ဆိုင်နေကြရလေသည်။
ထိုကဲ့သို့ အပျက်အစီး အခက်အခဲများကို တွေ့မြင်ကြားသိရသဖြင့်၊ ထိုင်းနိုင်ငံရောက် ရခိုင်ကျောင်းသား ရဟန်းတော်များ(A.S.M.A) မှ ဦးစီး၍ အရေးပေါ်ကော်မတီတစ်ရပ်ကို ၂၃ ရက် ၁၀ လ ၂၀၁၀ နေ့တွင် ဖွဲ့စည်း ကာ၊ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း မြန်မာအလုပ်သမားများနှင့် အခြားသော ပြည်ပရောက်စေတနာရှင်များ၏ လှူဒါန်း ထားသော အလှူငွေများဖြင့် လေဘေးဒုက္ခသည်များအား ကိုယ်စားလှယ်ရဟန်းတော်သုံးပါး ကြွရောက်ကာ တိုက်ရိုက်ကူညီပေးလျှက်ရှိပါသည်။
ယ္ခုအခါ ရခိုင်ရဟန်းတော်များ၏ မတည်ငွေနှင့် စေတနာရှင် ပြည်သူများ၏ လှူဒါန်းမှုအစုစုများမှာ သိန်းတစ်ရာကျော် ရရှိခဲ့ပြီးဖြစ်သည်၊ ၄င်းအလှူငွေများဖြင့် လေဘေးသင့် ဒေသများသို့ ရဟန်းတော်များ ကိုယ်တိုင် ကြွရောက်ကာ လိုအပ်ချက်များစွာထဲမှ အဓိကလိုအပ်လျှက်ရှိသော၊ ဆန် နှင့် အမိုးအကာများကို ဦးစားပေး ကူညီလှူဒါန်းလျှက်ရှိပါသည်။ ကုလသမဂ္ဂ OCHA မှ ထုပ်ပြန်ချက်အရ၊ အပျက်အစီးများမှာ- ငါးပုဇွန် မွေးမြူရေးကန် ဧက ၅၀,၀၀၀၊ စိုက်ပျိုးမြေ ဧက ၁၇,၅၀၀၊ အိုးမဲ့ အိမ်မဲ့လူဦးရေ (လက်ရှိ နေစရာလုံးဝမရှိသေးသူ) ၁၀,၁၉၂၃- ဦး၊ သေဆုံးသူ ၁၅၀ ဦး၊ လက်ရှိ အကူအညီလိုအပ်နေသူများမှာ ၂၆,၀၀၀၀ ခန့်ရှိသည်ဟု ထုပ်ပြန်ခဲ့သည်။ ပျက်စီးဆုံးရှုံးမှု၏ တန်းဖိုး စုစုပေါင်း ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၃၆၀ နှင့် ညီမျှသည် ဟုလည်း ထုပ်ပြန်ခဲ့ပါသည်။
ထို့သို့ ပျက်စီးဆုံးရှုံးမှူများပြားခဲ့သော ဒေသများအတွင်းမှ။ ဤ ဂီရိမုန်တိုင်း လေဘေး ဒုက္ခသည်များ ကူညီထောက်ပံ့ရေး ကော်မတီ (ထိုင်း) မှ ကူညီပေးခဲ့ပြီးသော ဒေသများမှာ မြေပုံမြို့နယ် တပ်ရာကျေးရွာ၊ ပြိုင်းချောင်းကျေးရွာ၊ ပြင်ဝန်းကျေးရွာအုပ်စု (ရွာ-၃ ရွာ)၊ ကျွန်းသာယာ၊ ကိုက္ကိုကျေးရွာ၊ ဘီးလူးကွယ်ကျေးရွာ၊ နှင့် ကျောက်ဖြူမြို့နယ် ဆားပြင်ရပ်ကွက်၊ အစရှိသော ဒေသများတွင်၊ ဆန်အိပ်နစ်ရာ (၂၀၀) နှင့် အမိုအကာအတွက် ဓနိအုံး လေးသောင်း (၄၀၀၀၀)၊ ဘုန်းတော်ကြီးကျောင်းများ အပါအဝင် လူနေအိမ်များ ပြန်လည် ဆောက်လုပ်နိုင်ရန်နှင့် ပျက်စီးသွားသော ကိုယ်ထူကိုယ်ထ တာတမံများကို ပြန်လည်တည်ဆောက် နိုင်ရန် ငွေသားအလှူများကို၊ ရဟန်းတော်များကိုယ်တိုင်း သွားရောက်လှူဒါန်းလျှက်ရှိ ပါသည်။ ယ္ခုကဲ့သို့ လူသားချင်း ကိုယ်ချင်းစာနာသောအားဖြင့်၊ သဒ္ဓါတရား ထက်သန်စွာ ပါဝင်လှူဒါန်းကြသော ထိုင်နိုင်ငံရောက် မြန်မာအလုပ်သမားများနှင့် နိုင်ငံအသီးသီးမှ စေတနာရှင် အလှူ့ရှင်းများအား၊ လေဘေး ဒုက္ခသည်များကိုယ်စား၊ ဤ ဂီရိမုန်တိုင်း လေဘေး ဒုက္ခသည်များ ကူညီထောက်ပံ့ရေး ကော်မတီ (ထိုင်း) မှ အထူးကျေးဇူး ဥပကာရတင်ရှိပါကြောင်းနှင့် နောက်နောင်များတွင်လည်း မိမိတို့တတ်နိုင်သည့်ဖက်မှ ဝိုင်းဝန်း ပါဝင် ကူညီပေးကြပါရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။ နောက်ထပ်ရရှိလာသော အလှူငွေများကိုလည်း ဆက်လက်တာဝန်ယူကာ တာဝန်ခံရဟန်းတော်များ ကိုယ်တိုင် တိုက်ရိုက် လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့်၊ ဆက်သွယ်လှူဒါန်းလိုသော စေတနာရှင်များသည် လည်း၊ အောက်ပါ လိပ်စာများသို့ ဆက်သွယ်လှူဒါန်း နိုင်ပါကြောင်း တိုက်တွန်းနိုးဆော်အပ်ပါသည်။ အလှူငွေလက်ခံရန်ဋ္ဌာန (၁) ဦးသုဝဏ္ဏ ဖုန်း (၀၈၁၄၁၂၅၈၂၀) (၂) ဦးသုမင်္ဂလ ဖုန်း (၀၈၂၃၃၀၉၂၆၀) (၃) ဦးဥတ္တမ၀ံသ ဖုန်း (၀၈၄၆၄၄၀၈၅၉) (၄) ဦးဥာဏဓဇ ဖုန်း (၀၈၂၃၄၀၈၂၈၅) (၅) ဦးပညောဘာသ ဖုန်း (၀၈၀၄၂၆၆၁၄၁) ဘဏ်မှတစ်ဆင့်လှူဒါန်းလိုလျှင်= Name: phra kaweinda Swift Code: SICOTHBK A/C No: 119-2k346-944 Siam Commercial Bank ဤဂီရိလေဘေး ဒုက္ခသည်များ အဖွဲ့(ထိုင်း) အား အဖက်ဖက်မှ ကူညီပေးနေကြသော၊ အဝေရောက်မြန်မာများနှင့်၊ လေဘေးဒုက္ခသည်များ ကူညီလှူဒါန်းရေး စာတမ်းကို မိမိ၏ ဘလော့စာမျက်နှာတွင် အမြဲတစေ ကြော်ငြာပေးထားသော ဝိမုတ္တိရသ အဖွဲသားများ အား၎င်း၊ စေတနာထက်သန်စွာဖြင့် ပါဝင်ကူနေပေးနေသော ဘန်ကောက်မြို့မှ ချစ်သောမြန်မာပြည် Dear Burma ကျောင်းအုပ်ကြီးနှင့် ကျောင်းသား ကျောင်းသူများအား၎င်း၊ ကော့တောင်ကျွန်းမှ ရခိုင်လူငယ်များ သာရေးနာရေးအသင်းနှင့် အလှူရှင် ဒကာ ဒကာမများအား၎င်း၊ ဂီရိဒုက္ခသည်များအား ငွေလွဲရာတွင် အခကြေးငွေမယူပဲ စေတနာဖြင့် ကူညီပေးနေသော ကိုဂျပန်ကြီး(ခ)ကိုသန်းရွှေ အား၎င်း၊ တရန်မြို့ကိုသုန်သစ်စက်ရုံနှင့် အခြားသော စက်ရုံအလုပ်ရုံများမှ ကူညီပေးနေသော ဒကာ ဒကာမများအား ကျေးဇူးဥပကာရ များစွာတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ သတင်းနှင့်+ပြန်ကြားရေးဋ္ဌာန (၁) ဦးကုဏ္ဍလ (၀၈၅၁၂၃၅၀၅၄) venukundala2008@gamil.com (၂) ဦးဥာဏိဿရ (၀၈၁၄၉၁၉၁၄၃) nanissara@gamil.com (3) ဦးဣန္ဒောဘာသ (၀၈၅၀၆၀၃၃၄၂) k.a.eindobhasa@gmail.com (၄) ဦးက၀ိန္ဒ (၀၈၅၁၆၆၃၁၉၇) kavi.inda@gmail.com (၅) ဦးအာလောက (၀၈၉၄၃၄၈၄၁၁) realsingle@gmail.com (၆) ဦးဥာဏိက (၀၈၃၅၅၅၀၈၂၄) nyanika.2008@gmail.com
သတင်း

ဂီရိလေဘေး ဒုက္ခသည်များအား ကျပ်ငွေ သိန်း (၁၁၀) တန်ဖိုးလှူဒါန်း

7:36 AM Share:

0 မှတ်ချက်တိ:

ဂီရိမုန်တိုင်း လေဘေး ဒုက္ခသည်များ ကူညီထောက်ပံ့ရေး ကော်မတီ (ထိုင်း) မှ ကျပ်ငွေ သိန်းသုံးဆယ်နှင့်ညီမျှသော ဆန်နှင့် ဓနိအစရှိသော အခြားအကူုအညီများကို ပထမအသုတ်အဖြစ် ပေးအပ်လှူဒါန်း။ အောက်တိုဘာလ ၂၂ ရက်နေ့တွင် category 4 အင်အားဖြင့်၊ ရခိုင်ပြည်နယ်အား ဝင်ရောက်တိုက်ခတ်ခဲ့သော ဆိုင်ကလုံးမုန်းတိုင်းဂီရိသည်၊ ကျောက်ဖြူ၊ မြေပုံ၊ မင်းပြားနှင့် ပေါက်တောမြိုနယ်များအား၊ ဖြတ်သန်းသွားပြီး၊ နေအိမ် လမ်း တံထား အဆောက်အဦး လယ်ယာမြေ မွေးမြူရေးလုပ်ငန်း ဆားကွင်း မြောက်များစွာနှင့် အသက်ပေါင်းများစွာတို့ကို ဖျက်ဆီးပစ်ခဲ့သည်၊ ထိုကဲ့သို့အပျက်အစီးများကို တွေ့မြင်ကြားသိရသဖြင့်၊ ထိုင်းနိုင်ငံရောက် ရခိုင်ရဟန်းတော် များမှ အရေးပေါ်ကော်မတီတစ်ရပ်ဖွဲ့စည်းကာ၊ လေဘေးဒုက္ခသည်များအား အောက်ပါ အကူအညီများကို ကိုယ်စားလှယ်ရဟန်းတော်သုံးပါးကြွရောက်ကာ ကူညီပေးလျှက်ရှိပါသည်။ မြေပုံမြို့နယ် တပ်ရာကျေးရွာတွင် ပျက်စီးနေသော တာတမံပြင်လည်ပြုပြင်ရန်၊ ကျပ်ငွေ (၁၀၀၀၀၀) တစ်သိန်း။ မြေပုံမြို့နယ် ပြင်ဝန်းကျေးရွာအတွက် ကျပ်ငွေ (၁၄,၆၀၀၀၀) တစ်ဆယ့်လေးသိန်းခြောက်သောင်း တန်ဖိုးရှိ၊ ဆန်အိတ် (၁၀၀) တစ်ရာနှင့်၊ လူနေအိမ်များ ပြန်လည်ပြုပြင်ရန် ဓနိအုန်း ၉၁၀၀-ပျစ်၊ မြေပုံမြို့နယ် ကျွန်းသာယာနယ်မှ လူနာတစ်ဦးအား ဆေးကုသရန်အတွက် ကျပ်ငွေ (၅၀၀၀၀) ငါးသောင်း။ ကျောက်ဖြူမြို့ ဆားပြင်ရပ်ကွက်တွင် တစ်အိမ်ထောင်လျှင် ၂၅၀၀ ကျပ်နုန်းဖြင့်၊ အိမ်ခြေ ၄၁၂ အိမ်အတွက်၊ ကျပ်ငွေ (၁၀,၃၀၀၀၀) ဆယ်သိန်းသုံးသောင်းကို အောင်မင်္ဂလာကျောင်းဆရာတော်မှ တစ်ဆင့်လှူဒါန်း။ ပထမအသုတ်အဖြစ် ကျပ်ငွေ သိန်းသုံးဆယ်နှင့် ညီမျှသော အထက်ပါ လိုအပ်ချက်များကို လှူဒါန်းပြီးဖြစ်ပါသည်၊ စေတနာရှင်များအနေဖြင့်၊ မိမိတို့ လှူဒါန်းမှုအစုစုတို့ကို ဝမ်းမြှောက်နုမော် သာဓုခေါ်ဆိုနိုင်ရန်အတွက် ဖော်ပြပေးအပ်ပါသည်။ ယနေ့ (၉-၁၁-၂၀၁၀) နေ့တွင်လည်း နောက်ထပ်လှူဒါန်းထားသော ကျပ်ငွေ သိန်းသုံးဆယ်အား ဒုတိယ အသုတ်အဖြစ်ဖြင့် ပေးပို့လိုက်ပြီးဖြစ်ပါသည်၊ ဒုတိယအကြိမ် ထောက်ပံ့ပေးမှုများကိုလည်း ဆက်လက်တင်ပြပေးသွားမည် ဖြစ်ပါသည်။ ဓာတ်ပုံနှင့် ဗွီဒီယိုမှတ်တမ်းများကိုမူ ပြည်တွင်း အင်တာနက်ကွန်နရှင် အခက်အခဲများကြောင့်၊ မတင်ပြနိုင်သေးခြင်းကို နားလည်ပေးကြပါရန် တောင်းပန်အပ်ပါသည်။ သတင်းနှင့် ပြန်ကြားရေး ဂီရိမုန်တိုင်း လေဘေး ဒုက္ခသည်များ ကူညီထောက်ပံ့ရေး ကော်မတီ (ထိုင်း) ကုလသမဂ္ဂ OCHA မှ ထုပ်ပြန်ချက်အရ၊ အပျက်အစီးများမှာ- ငါးပုဇွန် မွေးမြူရေးကန် ဧက ၅၀,၀၀၀၊ စိုပျိုးမြေ ဧက ၁၇,၅၀၀၊ အိုးမဲ့ အိမ်မဲ့လူဦးရေ(လက်ရှိ နေစရာလုံးဝမရှိသေးသူ) ၁၀,၁၉၂၃- ဦး၊ သေဆုံးမှု ၁၅၀ ဦး၊ လက်ရှိ အကူအညီလိုအပ်နေသူများမှာ ၂၆,၀၀၀၀ ခန့်ရှိသည်ဟု အစိုးရသတင်းဋ္ဌာနများမှ ထုပ်ပြန်ခဲ့သည်။ ပျက်စီးဆုံးရှုံးမှု၏ တန်းဖိုး စုစုပေါင်း ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၃၆၀ နှင့် ညီမျှသည်။
သတင်း

ပထမအကြိမ်အဖြစ် သိန်းသုံးဆယ်နှင့်ညီမျှသော အကူအညီများပေးအပ်

7:32 AM Share:

0 မှတ်ချက်တိ:

ကြည့်ရှူမူ ပမာဏ

ဆက်သွယ်ရန်

Name

Email *

Message *

မကြာသေးမှီမှတ်တမ်း

နှစ်စဉ်အလိုက်မှတ်တမ်း

© 2018 A.S.M.A. Thailand Ayuttaya
.
back to top