ဤ Websiteသည် ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့၏ တရားဝင်website တစ်ခုဖြစ်ပါသည်။ It is an official website of Arakan Student Monks Association (A.S.M.A), Thailand.

Friday, November 25, 2011

ဂီရိဒေသသို့ ကျပ်ငွေသိန်း ၂၀၀ ထောက်ပံ့လှူဒါန်း

Posted by ရွာဦးကျောင်း ဆရာတော်  |  No comments

ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်း)မှ ဦးစီး၍၊ ဂီရိမုန်တိုင်းဒဏ်သင့် ဒေသများသို့၊ ဆန် ဓနိ အမိုအကာနှင့်၊ အခြားသော လိုအပ်သည့်အကူအညီများကို ရဟန်းတော်များကိုယ်တိုင် သွားရောက် ဖြည့်ဆည်းပေးလျှက်ရှိရာ။
ယခုအခါ= ပြည်ပရောက်စေတနာရှင်များ၏ ပါဝင်လှူဒါန်းမှုအစုစုတို့ဖြင့်၊ ဒေသခံဆရာတော်များ၏ အကူအညီကိုရယူကာ၊ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော၊ တာတမံများကို ပြန်လည်ပြုပြင်ပေးလျှက်ရှိပါသည်။
၎င်းတာတမံများမှာ လာမည့် မိုးစပါးစိုက်ရာသီအမီ ပြန်လည်ပြုပြင်နိုင်ရန် အရေးတကြီး လိုအပ်လျှက်ရှိပါသည်၊ ရခိုင်ပြည်ရှိ လယ်သမားများမှာ စပါးစိုက်ပျိုးနိုင်ရန်အတွက် မိမိတို့၏ လယ်ကွင်းများအတွင်းသို့ ပင်လယ်ဆားငံရည်များ မဝင်နိုင်ရန် ဒေသအခေါ်(ကာရီ) ဟုခေါ်သော၊ တာတမံများကိုဆယ်ကာ၊ စပါးစိုက်ပျိုးရကြောင်း သိရှိရပါသည်။
ယခုအခါ ၄င်းကာရီများမှာ မုန်တိုင်းဒဏ်ကြောင့် ကျိုးပျက်သွားပြီး၊ လယ်ကွင်းများမှာလည်း ပင်လယ်ဆာငံရည်ဝင်ရောက်မှူကြောင့် စပါးများစိုက်ပျိုရန် များစွာ အခက်အခဲရှိကြောင်း သိရှိရပါသည်။ ထိုအခက်အခဲများကို တတ်နိုင်သည့်ဖက်မှ ကူညီဖြေရှင်းပေးနိုင်ရန်အတွက်၊ ဤဂီရိလေဘေးဒုက္ခသည်များ ကူညီရေးကော်မတီ (ထိုင်း)မှ၊ ပြည်ပရောက် စေတနာရှင်များ၏ အလှူငွေများဖြင့်၊ ကော်မတီဝင်ရဟန်းတော်များနှင့် ဒေသခံဆရာတော်များဦးစီးကာ၊ ကျပ်ငွေ (သိန်း- ၂၀၀) သိန်းနှစ်ရာနှင့် ညီမျှသော အကူအညီများကို အောက်ဖော်ပြပါ နေရာများတွင် ကျိုးပျက်သွားသော ကာရီများအား ပြန်လည် တည်ဆောက်ပေးလျှက်ရှိပါသည်။
ကျောက်ဖြူမြို့နယ်၊ ကုက္ကိုကျေးရွာအနီးတဝိုက်မှ၊ လင်လုပ်တောကာရီ၊ ဂဏန်းချောင်းကာရီ၊ ရွာချောင်းဝကာရီ၊ ယာကြီးကွင်းကာရီ၊ တုံးကြီးချောင်းကာရီ၊ ပြူးတောကွင်းကာရီ၊ အလယ်တံနှာကာရီ၊ ပြာတောချေကာရီ။ ဝဘော်ကြီးကျေးရွာမှ လှဘုံမေကာရီ(၂)၊ လှဘုံမေကာရီ(၃) နှင့်။ ရေတွင်းတူးကျေးရွာမှ ကျောက်တန်းကာရီ အပါအဝင် စုစုပေါင်း ကာရီ ၁၁ လုံးကို ပြန်လည်ပြုပြင် တည်ဆောက်ပေးလျှက်ရှိပါသည်။
အခြားသောနေရာများတွင်လည်း ဆက်လက်ကူညီတည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့်၊ စေတနာရှင်များအားလည်း ပါဝင်ကူညီလှူဒါန်းနိုင်ကြပါရန် နိုင်ဆော်တိုက်တွန်းအပ်ပါသည်။
Thursday, 10 February 2011

8:03 AM Share:
ပြန်ကြားရေးတာဝန်ခံ

Postတင်ခြင်းပတ်သက်ပြီး အကြံပြုခြင်း၊Postပေးပို့ခြင်း၊ ဆွေးနွေးလိုခြင်း ရှိလာပါက အောက်က Messenger ကနေပေးပို့နိုင်ပါတယ်။ Messenger

0 မှတ်ချက်တိ:

ကြည့်ရှူမူ ပမာဏ

ဆက်သွယ်ရန်

Name

Email *

Message *

မကြာသေးမှီမှတ်တမ်း

နှစ်စဉ်အလိုက်မှတ်တမ်း

© 2018 A.S.M.A. Thailand Ayuttaya
.
back to top