MCU ChiangMai ကျောင်းသားများ မိတ်ဆက်ပွဲ ကျင်းပမည်

မဟာချူလာတက္ကသိုလ်(ချင်းမိုင်)ဌါနတွင် တက်ရောက်နေကြသော မြန်မာ ရဟန်းကျောင်းသားများ အဖွဲ့ (MMSA) တွင်နောက်ဆုံး စာမေးပွဲရက် March 28 မတိုင်မီ  နှုတ်ဆက်ပွဲ (Farewell party) တခု ကျင်းပမည်ဖြစ်ကြောင်း   ပြန်ကြာရေးဌါနကပြောကြားလိုက်ပါတယ်။
ကျောင်းသားအသင်းတွဲဖက် ဘဏ္ဍာထိမ်းတာဝန်ခံ အသျှင်ဒဿနိယကပြောကြားတာကတော့``ဒီပွဲက..ဒီနှစ်နောက်ဆုံးနှစ် ကျောင်းသားတွေ အားလုံး စာမေးပွဲပြီးရင် မြန်မာပြည်ကိုပြန်ကြမယ် ဒါမှမဟုတ် တခြားနေရာတွေကို ဘွဲ့လွန်တက်ဖို့သွားကြဦးမယ်လေ၊ သူတို့တွေအတွက် နှုတ်ဆက်ပွဲ လုပ်ပေးတာပါ`` လို့ပြောကြားလိုက်ပါတယ်။
                 သူကပဲ ဆက်လက်ပြောကြားရာမှာတော့....ဒီလို နှုတ်ဆက်ပွဲမျိုးကို မနှစ်ကစပြီး ပထမဆုံး ချင်းမိုင်ဌါနခွဲမှ ကျောင်းပြီးခဲ့တဲ့ ကျောင်းသားများအတွက် အသင်းဝင်များမှ စတင်ပြု လုပ်ခဲ့တာဖြစ်ပြီး၊ နောင်နှစ်တွေမှာလဲ ဂုဏ်ပြုချီးမြင့်ပွဲစဉ်များကို အဆက်မပြတ်ပြုလုပ်သွားဖို့   အစီစဉ်ရှိကြောင်း၊
                 ပထမနှစ်က ထက်ပိုကောင်းအောင် လုပ်ဖို့အစီစဉ်ရှိကြောင်းလဲ သူကဆိုပါတယ်။ ပထမနှစ်ကတော့  စာမေးပွဲ  ဖြေနေတုန်းကာလမှာမှ သတိရကြတာဖြစ်ပြီး ကျောင်းသားများးကလဲ တစ်ပါးတည်းသာဖြစ်၍ ထူးထူးခြားခြားလဲ မလုပ်နိုင်ခဲ့ကြောင်း၊ ဒီနှစ် လုပ်တဲ့ အခါကျောင်းပြီးမဲ့ ကျောင်းသား(၄)ပါးရှိပြီး ယခင်ကထက်ပိုကောင်းတဲ့ ပုံစံဖြင့်လုပ်ဆောင်ရန် ဆန္ဒရှိနေကြကြောင်းသိရသည်။
နှုတ်ဆက်ပွဲပုံစံမှာ နောက်ဆုံးနှစ်ကျောင်းသားများအားကျောင်းသားအဖွဲ MMSA မှ ဂုဏ်ပြု မှတ်တမ်းများ ပေးအပ်ခြင်း၊ ဆုတောင်းပေးခြင်း၊ အပြန်အလှန် ၀န်ချတောင်းပန်စကားဆိုခြင်း၊ လက်ဆောင်များပေးအပ်ခြင်းနှင့် နှုတ်ဆက်မိတ်ဆုံစားပွဲများပြုလုပ်မည်ဖြစ်သည်။ နောက်နှစ်တွင်းလည်း မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့မှ ဘွဲ့ရသံဃာအများအပြားရှိမည်ဖြစ်ကြောင့် သိရသည်။ ယ္ခု ချင်းမိုင်ရောက် မြန်မာကျောင်းသားရဟန်းတော်များကို  အထောက်ပံ့ပြုနေတဲ့ မြန်မာ့ရွှေ့ပြောင်း အလုပ်သမားများကိုပါ ဖိတ်ကြားထားကြောင်း  ပြန်ကြားရေးဌာနမှ သတင်းရရှိသသည်။ မြန်မာရွှေ့ပြောင်း အလုပ်သမားများမှလည်း အားရကျေနပ်စွာ တက်ရောက်ဂုဏ်ပြု သွားမည်ဖြစ်ကြောင်းသိရသည်။
ယ္ခုပြုလုပ်မည့် Farewell party ပွဲကို မည်သူမဆို တက်ရောက်ဂုဏ်ပြုနိုင်ကြောင်းကိုလည်း Farewell party ဖြစ်မြောက်ရေး ကော်မတီများမှ ပြန်ကြားရေးဌာနသို့ ပြောကြားခဲ့ပါသည်။


ဘိက္ခုဖြူ 



http://mmsacm.blogspot.com/

No comments:

Post a Comment