A.S.M.A ရခိုင်ကျောင်းသားရဟန်းတော်များ အဖွဲ့ (ထိုင်း) မှ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဘောအရပ်ရှိ ယာယီစံကျောင်းသို့ ကျောင်းသုံးကွန်ပျူတာတစ်လုံးသွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
၎င်းယာယီစံကျောင်းတွင်၊ မဟာချူလာလောင်ကွန် တက္ကသိုလ်တွင် ပညာသင်ကြားနေကြသော မြန်မာရဟန်းတော်များ သီတင်းသုံးနေထိုင်ကြပြီး၊ အနီးအနားရှိ မြန်မာမိသားစုများ၏ ခလေးငယ်များအား ပညာဒါန သင်ကြားပေးခြင်း၊ အခြားသော ပရဟိတကိစ္စများနှင့် စံကျောင်းနာရေးကူညီမှုအသင်းတို့ကို ဖွဲ့စည်းကာ အင်တိုက်အားတိုက် လုပ်ဆောင်နေကြသော ရဟန်းတော်များဖြစ်ကြောင်း သိရှိရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment