၂၂.၂.၂၀၁၂၊ နေ့၊ သမိုင်းပါမောက္ခ
ဆရာကြီးဒေါက်တာ အေးချမ်းနှင့် A.S.M.A ရခိုင်ကျောင်းသား ရဟန်းတော်များ၊ တက္ကသိုလ်တက်ရောက်နေကြသော
အခြားသောရခိုင်လူငယ်များ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို၊ ဘန်ကောက်မြို့၊ The Twin
Towers Hotel တွင် ပြုလုပ်ကျင်းပရာ၊ ရခိုင်သမိုင်းနှင့် လက်ရှိရခိုင်များ ဘဝကို ထင်ဟပ်စေသည့်၊ မေးခွန်းများကို ရခိုင်ကျောင်းသား ရဟန်းတော်များမှ မေးမြန်းပြီး၊ ဆရာကြီးဒေါက်တာအေးချမ်းမှ
ဖြေကြားခဲ့ခြင်းကို၊ DVD ရုပ်သံများဖြင့် မှတ်တမ်းတင်ကာ၊ အနယ်နယ်အရပ်ရပ်ရှိ ရခိုင်လူငယ်များသို့
ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
၎င်းဆွေးနွေးပွဲတွင်၊ ရခိုင်ကျောင်းသား ရဟန်းတော်များမှ
မေးမြန်းသော အောက်ပါမေးခွန်းများကို၊ ဆရာကြီးဒေါက်တာ အေးချမ်းမှ မှတ်သားဖွယ်ရာ သင်္ခန်းစာများဖြင့်
စိတ်ရှည်စွာ ဖြေကြားခဲ့ခြင်းကြောင့်၊ ရခိုင်လူ့အသိုင်းအဝိုင်းများတွင်၊ လက်တွေ့အသုံးချ ကျင့်သုံးရန်
အလွန်သင့်လျှော်ကြောင်းနှင့်၊ နောင်လာ နောက်သားများအတွက်လည်း၊ မှီငြမ်း ကိုးကားစရာများအဖြစ်
သိမ်းဆည်းထားရမည့် တွေ့ဆုံဆွေးနွေးပွဲ တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
လက်ရှိရခိုင်ပြည်
နိုင်ငံရေးအခန်းကဏ္ဍမှာ ရခိုင်အမျိုးသားများ မည်ကဲ့သို့ ပါဝင်ပြီး၊ အကျိုးဖြစ်ထွန်းအောင်
ပူးပေါင်း ဆောင်ရွက်သင့်ပါသလဲ။
ရိုဟင်ဂျာပေါ်ပေါက်လာပုံနှင့်၊
လက်ရှိရိုဟင်ဂျာပြဿနာကို မည်ကဲ့သို့ ဖြေရှင်းရမည်နည်း။
ရခိုင်ဟူသည် အာရီယံလူမျိုးမှ
ဆင်းသက်လာခြင်း ဟုတ်မဟုတ် ဖြေကြားပေးစေချင်ပါသည်။
အဘယ့်ကြောင့် ရခိုင်ပြည်ကို
လခြမ်းမြေဟု တင်စား၍ ပြောဆိုကြသနည်း၊ ထိုသို့ ပြောဆိုခြင်းသည် သမိုင်း ကြောင်းအရ ဟုတ်မဟုတ်
သိလိုပါသည်။
Federal စနစ်ဖြင့်
အုပ်ချုပ်သော ဒီမိုကရေစီနိုင်ငံ အများအပြားတွင် တိုင်းဒေသကြီးများ ထားရှိခြင်းကို မတွေ့ရပါ။ သို့သော်-
လက်ရှိမြန်မာနိုင်ငံ ဒီမိုကရေစီ ဖွဲ့စည်းပုံစနစ်တွင် တိုင်းဒေသကြီးဟု သုံးစွဲနေသည်ကို တွေ့ရှိရပါသည်၊ ၄င်းအသုံးအနုန်းသည် ဒီမိုကရေစီစနစ်နှင့် ကိုက်ညီမှူရှိမရှိ သိလိုပါသည်။
လက်ရှိမြန်မာနိုင်ငံ ဒီမိုကရေစီ ဖွဲ့စည်းပုံစနစ်တွင် တိုင်းဒေသကြီးဟု သုံးစွဲနေသည်ကို တွေ့ရှိရပါသည်၊ ၄င်းအသုံးအနုန်းသည် ဒီမိုကရေစီစနစ်နှင့် ကိုက်ညီမှူရှိမရှိ သိလိုပါသည်။
အစရှိသော စိတ်ဝင်စားဖွယ်ရာ
မေးခွန်းပေါင်းများစွာတို့ဖြင့်၊ အဆင့်မြင့်ရိုက်ကူးတည်းဖြတ်ထားသော DVD အခွေများကို
မကြာမီဖြန့်ချီပါတော့မည်။
ရခိုင်သူ ရခိုင်သားတိုင်း ဆောင်ထားသင့်သော သမိုင်းဝင် မှတ်တမ်း တစ်ခုဖြစ်ပါသည်။
ရခိုင်သူ ရခိုင်သားတိုင်း ဆောင်ထားသင့်သော သမိုင်းဝင် မှတ်တမ်း တစ်ခုဖြစ်ပါသည်။
The Twin Towers
Hotel တွေ့ဆုံဆွေးနွေးပွဲ DVD အခွေများကို A.S.M.A ရခိုင်ကျောင်းသား ရဟန်းတော်များအဖွဲ့
သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
No comments:
Post a Comment