ဤ Websiteသည် ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့၏ တရားဝင်website တစ်ခုဖြစ်ပါသည်။ It is an official website of Arakan Student Monks Association (A.S.M.A), Thailand.

Monday, April 9, 2012

အလကားမော်ဒန်

Posted by A.S.M.A - ပြန်ကြားရေးတာဝန်ခံ  |  No comments

ခြီတလှမ်း
ကုဋေတသန်းတန်ရေစကားက
သူရို့ဂုဏ်သိက္ခာတွက်
ဆုတ်ကပ်ကိုကျော်ဖြတ်ဖို့
ခွန်အားရှိနိုင်ဖို့သိလား။

မော်ဒန်လောကထဲမှာ
ဖြစ်ပျက်နိန်ပုံက
မြင်လို့ပင်မကောင်း
မကျတကျစတိုင်နန့်
မဖုံမလုံဝတ်ပနာ
လမ်းမထက်က KMD ဆိုင်းဘုတ်ပိုင်
ပလူပျံနိန်ယင်ထော….။

တိုးတက်ပြောင်းလွဲနိန်ရေ
ဂလိုဘလိုင်ဇေးရှင်းခေတ်က
နှစ်ဆယ့်တစ်ရာဇုမှာ
အစားအစာကို
တဘက်တပြန်လှန်ပနာ
အစိမ်းစားရေထဲမှာ
ငါရို့တောင်ပါဝင်လာယင့်..။

သမိုင်းစာမျက်နှာကို
ပြောင်းပြန်လှန်ကြည့်ဂတ်မေ
သိက္ခာတိအထပ်ထပ်နန့်
မှိုတက်နိန်သိမ့်ရေ
စာမျက်နှာထဲမှာ
အင်းဝခေတ်က
အရှင်တေဇောသာရမထေရ်မြတ်တောင်
အရှင်သာရခိုင်တန်းဆောင်လောလို့
စာဆိုပြုခစွာထဲမှာ
သူ့ရို့တိ...သူရို့တိ.....ပါဝင်ရေ...။

ဇာမှာလည်းမောဒန်လောက
ဗြောက်သောက်ဆန်လို့
မော်ဒန် မော်ဒန်နန့်
သရပေါင်းတက်နိန်စွာ
အကလားရာမလားရေ...။


ထွန်းလင်းစိုး

7:13 AM Share:
ပြန်ကြားရေးတာဝန်ခံ

Postတင်ခြင်းပတ်သက်ပြီး အကြံပြုခြင်း၊Postပေးပို့ခြင်း၊ ဆွေးနွေးလိုခြင်း ရှိလာပါက အောက်က Messenger ကနေပေးပို့နိုင်ပါတယ်။ Messenger

0 မှတ်ချက်တိ:

ကြည့်ရှူမူ ပမာဏ

ဆက်သွယ်ရန်

Name

Email *

Message *

မကြာသေးမှီမှတ်တမ်း

© 2018 A.S.M.A. Thailand Ayuttaya
.
back to top