စတုတ္ထအကြိမ်မြောက် ကျောင်းသားရန်ပုံငွေ ကံစမ်းမဲပြုလုပ်မည်
=================
A S M A- ရခိုင်ကျောင်းသား ရဟန်းတော်များအဖွဲ့(ထိုင်း)
မှ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော
ရန်ပုံငွေ ကံစမ်းမဲပွဲကို (စတုတ္ထအကြိမ်မြောက်)
ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
အဆိုပါ ကံစမ်းမဲပွဲအား ကျောင်းသားရဟန်းတော်များမှ
အဖွဲ့ (၁၁) ဖွဲ့ဖြင့် ဖွဲ့စည်းကာ ထိုင်းနိုင်ငံအနှံ့အပြားတွင်ရောင်းချဖြန့်ဝေသွားမည်ဖြစ်ကြောင်း
သိရှိရပါသည်။
ကံထူးသူများအနေဖြင့် အောက်ပါ ဆုမဲများကို
ထိုက်တန်စွာ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်းကိုလည်း သိရှိပါသည်။
ဆုမဲများ
၁။ ပထမဆု-Laptop
computer ၂။ ဒုတိယဆု-Desktop
computer
၃။ တတိယဆု-ဗွီဒီယိုကင်မရာနှင့်
နှစ်သိမ့်ဆုများ (ကင်မရာ၂လုံး၊ ဖုန်း၁၀လုံး၊လျှပ်စက်မီးပူ ၅ လုံး)။
No comments:
Post a Comment