အင်တာဗျူး(၁၀) ချက် အမေးအဖြေ ( Top 10 Interview Questions and Answers)

1. Tell me about yourself?
ဖြေတဲ့ခါ ပထမဆုံးအနေနဲ့(၁) ကိုယ့်နာမည်ကိုစပြောပါ။
(၂) ဘယ်မှာနေတယ်ဆိုတာပြောပါ
(၃)ပညာရေး ပိုင်နိုင်တဲ့ ကျွမ်းကျင်တဲ့ လုပ်ငန်းပိုင်း
(၄) လုပ်ငန်းအတွေ့အကြုံ ရှိခဲ့လျင်ပေါ့လေ
(၅) မိသားစုအကြောင်း အကျဉ်းချုံးလေးပြော
ဥပမာ= ကျွန်တော်နာမည် မောင်ကောင်းစံပါ။ ကျွန်တော် တောင်ဥက္ကလာမှာနေပါတယ်။ ကျွန်တော်က BA, MA ကိုပြီးထားပြီးပါပြီပြီတော့ computer network ကိုလည်းသင်းတန်းတက်ထားပြီးသားပါ။ ကျွန်တော် အင်တာနက်ဆိုင်မှ အခိန်ပိုင်အလုပ်နှစ်နှစ်ဝင်လုပ်ဖူးပါတယ်။ ကျွန်တော်က လူပျို လူလွတ်တစ်ယောက်ပါ အဖေ အမေနဲပအတူနေပါတယ်။
2.
Why do you want to work at our company?
ဒါကတော့ ကုမ္ပဏီတိုင်းလိုလိုမေးတတ်တဲ့ မေးခွန်းပါ။
ပထမဆုံးဖြေရမှာက (၁) ဒီကုမ္ပဏီနဲ့ပါတ်သက်လို့ ဘာကိုသဘောကျတယ် နှစ်သက်တယ်ဆိုတာကိုပြောပါ။
(၂) ဒီအလုပ်က ကျွန်တော်ရည်မှန်းချက် အောင်မြင်ဖို့ဖြစ်တယ် ဘာညာပေါ့။
ဥပမာ= ကျွန်တော် ဒီကုမ္ပဏီအကြောင်းကိုဖတ်မိလိုက်တော့ သိပ်ကိုစိတ်ဝင်စားသွားတယ်ဗျာ။ ဘာလို့လဲဆိုတော့ ဒီကုမ္ပဏီရဲ့လိုအပ်ချက်တွေက ကျွန်တော်တတ်ထားတဲ့ပညာရယ် ကျွန်တော်ရည်မှန်းချက်ရယ်နဲ့က ကွက်တိသွားကျနေပါတယ်။ ဒါကြောင့် ကျွန်တော်ရည်မှန်းချက်လည်းအောင်မြင် ဦးတို့ကုမ္ပဏီလည်း အကျိုးသက်ရောက်မှုရှိဆိုတော့ ကျွန်တော်က ဒီကုမ္ပဏီကိုရွေးလိုက်တာပါ။ လူတိုင်းက ကိုယ်ဝါသနာပါတာကိုပဲလုပ်ချင်ကြတာမဟုတ်လား။အဲဒါကြောင့်လည်း ကျွန်တော်ဝါသနာနဲ့အလုပ်တစ်ထပ်တည်းကျတာကိုရွေးလိုက်တာပါ။စသည်ဖြင့်ပေါ့။
3. What are your strengths?
ဒါကတော့ အလုပ်တစ်ခုရဖို့သိပ်ကိုအရေးကြီးတဲ့အချက်တစ်ခုပါ။
ဒီနေရာမှာ ကုမ္ပဏီအကြောင်းကိုကြိုပြီးတော့ သီးထားပြီးတယ်ဆိုရင်တော့ ဒီကုမ္ပဏီရဲ့လိုအပ်ချက်ကဘာလဲဆိုတာကိုနားထားပြီတော့ အလိုက်တသိဖြေတတ်ဖို့ပါပဲ။
ဥပမာ= ဈေးရောင်းရမယ့်နေရာမှဆိုရင်တော့ မိမိက social ဘက်မှာ အားကောင်းတာတို့။ပြီးတော့ စိတ်ရှည်သီးခံတတ်တို့။ အခြေအနေကိုအလွယ်တကူနားလည်တတ်တာတို့ စသည်ဖြင့်ပေါ့။ နောက်ကျန်သေးတယ် နေရာဒေသမရွေးအလုပ်လုပ်နိုင်တယ် ခရီးလည်းထွက်နိုင်တယ် စသည်ဖြင့် အခြေအနေအရ လိုအပ်ရင်လိုအပ်သလိုဖြေပေးတတ်ရမယ်။
အကောင်းမြင်ဝါဒရှိတာ၊ ဆုံးဖြတ်ချက်ကို လိုအပ်လျင် အလျင်စလိုလည်းချနိုင်တာ၊ရိုးသားတာ စသည်တွေကိုလည်းထည့်ပြောဖို့မမေ့နဲ့ဦး။
ဥပမာဖြေကြည့်ရအောင်= ကျွန်တော်က ရိုသားပြီးကြိုးစာသူတစ်ယောက်ပါ။ မိမိကိုယ်ကိုယ်လည်း အားပေးနိုင်သလို ယုံကြည်မှုလည်းအပြည့်ရှိတယ်။ အကောင်းမြင်ဝါဒနှင့်ကြည့်တတ်တာက ကျွန်တော်ဝါသနာလေ။
4. What are you weakness?
အားနည်းချက်ကင်းတဲ့သူရယ်လို့တော့မရှိဘူးဗျာ ဘုရားရှင်ကလွဲရင်ပေါ့။ တဘက်ကအားသာရင်တစ်ဘက်က အားနည်းကြစမြဲပါ။ 
ဥပမာကြည့်ရအောင်ပါ= ဒဲ့တိုးကြီးပြောတတ်တာ၊ စိတ်မရှည်တာ၊ ရန်ဖြစ်လွယ်တာ၊ စကားများတာ၊
လူတွေကိုအယုံလွယ်တတ်တာ၊အကူအညီတောင်းလာရင်လည်း မရဘူးလို့မပြောတတ်တာ၊ ဆုံးဖြတ်ချက်ကိုလွယ်လွယ်ချတတ်တာ၊သူစိမ်းတွေနဲ့ပြောရမှာအခက်အခဲဖြစ်တာ ၊လိမ်ပြောဖို့အခက်အခဲရှိတာ( marketing ဆိုရင်တော့ lie ရမှာပဲလေ)နောက်ပြီးတော့ မိမိစိတ်မ၀င်စားတဲ့အရာကိုလုပ်ရမှာပျင်းရိခြင်း စသည်စသည်တို့ပေါ့။
ဥပမာလေးပြောကြည့်ရအောင်= ကျွန်တော်က တစ်ယောက်ယောက်က အကူအညီတောင်းလာရင် မကူညီနိုင်ဘူးဆိုပြီးမငြင်းတတ်ဘူးခင်ဗျား၊ ပြီးတော့ ကျွန်တော်စိတ်မ၀င်စားတဲ့အလုပ်ကိုလုပ်ရမှာလည်းပျင်းတယ်။
5. Why should I hire you?
ဒီနေရာမှာ မိမိရဲ့ knowledge အပေါ်မှာမူတည်သွားပြီဗျာ။
(၁) knowledge ကိုပြောပြပေးရမယ် (ဥပမာ marketing ဆိုရင်)မားကက်တင်းနဲပါသက်လို့ မိမိရဲ့ ကျွမ်းကျင်ပိုင်နိုင်မှု ၊(၂) မိမိရဲ့ လုပ်ငန်းအတွေ့အကြုံ ဒါကိုဘယ်လိုအထောက်အကူပြုမယ်ပေါ့။
(၃) လုပ်ငန်းနဲ့ပါတ်သက်လို့မိမိရဲ့ကျွမ်းကျင်မှု အတတ်ပညာ။
(၄) career goal ပေါ့။
ဥပမာအားဖြင့်= ကျွန်တော်က marketing နဲ့ ကျောင်ပြီးထားတာပါ။ ကျွန်တော်က ဒီလုပ်ငန်းနဲ့ပါတ်သက်လို့ကောင်းကောင်းစီမံခန့်ခွဲနိုင်ပါတယ် လုပ်သက်အားဖြင့်လည်းနှစ်နှစ်လုပ်ဖူးပြီးပါပြီ။ ကျွန်တော်က marketing နဲ့ပါသက်လို့ နောက်နှစ်ကျရင် ကိုယ်ပိုင်လုပ်တော့မှာဆိုတော့ အတွေ့အကြုံပိုတိုးအောင်လို့ ပညာသင်ရင်းအလုပ်လည်း လုပ်၇အောင်လို့ပါ. ကျွန်တော်အတတ်နိုင်ဆုံး အေကာင်းဆုံးကြိုးစားသွာပါ့မယ်။
6. Tell me what you know about this company?
(၁)ပထမဆုံးအရေးကြီးတာက ကုမ္ပဏီကိုအလုပ်လာမလျောက်ခင်ကတည်းက ကုမ္ပဏီအကြောင်းအသေးစိတ်ကိုလေ့လာမှတ်သားထားရမယ်။ online ကသော်လည်းကောင်း ကုမ္ပဏီမှာလုပ်နေတဲ့ အသိမိတ်ဆွေ သူငယ်ချင်းဆီကသော်လည်းကောင်း လေ့လာထားရမယ်။
(၂)ဒီကုမ္ပဏီအနေနဲ့ အများအကျိုးဆောင်ရွက်တာ ပူပေါင်းဆောင်ရွက်မှုတွေကိုလေ့လာရမယ်။
(၃) ကုမ္ပဏီရဲ့ပိုင်ရှင်ရယ် အစုရှယ်ယာ ၇ှင်တွေရဲ့နာမည်တွေရယ် အားလုံးကိုသိထားတော့ ပိုကောင်းတယ်။
(၄) ကုမ္ပဏီအနေနဲ့ လောလောဆယ်မှာ ဘာတွေဖြစ်နေတယ် ဘာတွေနဲပရင်ဆိုင်နေရတယ် ဆိုတာတွေကိုလည်း Research လုပ်ထားဖို့လိုအပ်တယ်။
(၅) ပြိုင်ဘက်ကုမ္ပဏီတွေကိုဘယ်လိုလုပ်ရင်အောင်မြင်ကျော်လွားနိုင်မယ် စသည်ဖြင့်လည်းအကြံပေးမှုတွေလုပ်နိုင်ပါတယ်။
ဥပမာအားဖြင့်= ဒီကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအောင်မြင်မှုကိုရှိထားတဲ့ကုမ္ပဏီဖြစ်တယ်။
အလှူဒါန်းတွေလည်း ပရဟိတကျောင်းတွေကိုလကုန်တိုင်း လကိုင်တိုင်းသွားပြီးတော့ပြုလုပ်ပေးတယ်။
အလုပ်သမားတွေအအလုပ် အလုပ်သမားအခွင့်အရေးအပြည့်အ၀ပေးတယ်။ အလုပ်သမားကူညီစောင့်ရှောက်မှုတွေလည်းပေးတယ် ဒါကြောင့် ဒီကုမ္ပဏီဟာ ဒီပါတ်ဝန်းကျင်မှာနာမည်တစ်လုံးနဲပကျော်ကြားနေတာပေါ့။ စသည်ပေါ့။
7. Why are you looking for a job change?
ဒီမေးခွန်းမျိုးက မဖြေတတ်ရင် ချောင်ပိတ်တတ်တယ်။
(၁) ကိုယ်အရင်လုပ်ခဲ့တဲ့အလုပ်အပေါ်မကောင်းကြောင်းလုံးဝမပြောပါနှင့် အဲဒီအလုပ်ကိုကျေးဇူးတင်ကြောင်းပြောလိုက်ပါ။
(၂) အဲဒီအလုပ်က မိမိဘာတွေသင်ယူခဲ့ပြီးပြီ နောက်ထပ် လုပ်ငန်းအတွေ့အကြုံသစ်တစ်ခုအတွက် စသည်ညဖင့်ပြောနိုင်တယ်။
(၃) မိမိလုပ်ခဲ့တဲ့ ကုမ္ပဏီမှာ မိမိက ဘာတွေကိုမကြိုက်လို့ ဥပမာ လစာ မကောင်းလို့၊ ၀န်ထမ်းတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျလို့၊ လစာဖြတ်တာများလွန်းလို့၊ ကျွန်တော်အချိန်နဲပအဆင်မပြေတော့လို့၊ ကျွန်တော်နေရာနဲပက သိပ်ဝေးလွန်းလို့ စသည်ညဖင့်လည်းအကြောင်းပြပြီးဖြေနိုင်ပါတယ်။
8. What are your salary requirements?
(၁) လူသစ်တစ်ယောက်အနေနဲ့ လခလစာကိုဘယ်လောက်မျော်လင်ထားတယ်ဆိုတာမျိုးကိုမပြောပါနှင့်။
(၂) လုပ်ငန်းအတွေ့အကြုံနဲ့ အင်တာဗျားတဲ့သူက မိမိရဲ့ လုပ်အားဟာ ဘယ်လောက်ရျိတယ် ဘယ်လောက်ကားထိုက်တန်တယ်ဆိုမျိုးကိုတော့ ပြောလို့ရပါတယ်။
(၃) အလုပ်အတွက် ကုမ္ပဏီက သတ်မှတ်ထားတဲ့လစာကိုပြောပါ။
ဥပမာ အဖြေကတော့= ကျွန်တော်က အလုပ်သမားသစ်တစ်ယောက်အနေနဲ့ လုပ်စာကိုသိပ်ပြီးတော့မပြောချင်ပါဘူး။ ကျွန်တော်အဓိကမျှော်လင်တာက ဒီအလုပ်ကိုလုပ်လိုက်သောအားဖြင့် ကျွန်တော့်အတွေ့အကြုံတွေ ကျွန်တော်ပညာတွေမြင့်မားလာမယ် ကျွန်တော်ပိုပြီးတော့ အလုပ် လုပ်လာနိုင်မယ် ဒါတွေကိုပဲ အဓိကမျှော်လင့်တာပါ။ ကျွန်တော် လုပ်ရည်ကိုင်ရည်ကိုကြည့်ပြီးတော့ပဲညဖစ်ဖြစ် ကုမ္ပဏီရဲ့သတ်မှတ်စံနှုန်းအတိုင်းပဲဖြစ်ဖြစ်ပေးဖို့မျော်လင်ပါတယ်။
9. What are your career goals?
အသက်မွေးဝမ်းကျောင်းတစ်ခုအနေနဲ့မိမိလျောက်လှမ်းမည့်ပန်းတိုင် အောင်မြင်မှုပေါ့။
ဒီနေရာမှာ ရေတိုအောင်မြင်မှုပန်းတိုင် ရေရှည်အောင်မြင်မှုပန်းတိုင် ဆိုပြီး နှစ်ပိုင်းခဲံပြီးဖြေရမှာပါ။
ညေဖတဲ့ခါ သတိထားပါ။ အခုမိမိလျောက်တဲ့အလုပ်နဲ့ မိမိရဲ့career goals ကိုတစ်ထပ်တည်းကျဖို့လိုတယ်။
10. Finally, do you have any questions to ask me?
ဒါကတော့ မိမိကိုနောက်ဆုံးအနေနဲပအခွင့်ထူးကိုပေးမေးတာပါပဲ။
ပထမဆုံးအနေနဲပ အခုလို ပေးမေးတဲ့အတွက် ကျေးဇူးအများကြီးတင်ကြောင်းပြောပါ။ 
မေးနိုင်တဲ့မေးခွန်းပုံစံတွေကတော့
(၁) salary structure လုပ်အားခပေးပုံစနစ်
(၂) job timings အလုပ်လုပ်ရမည့်အချိန်တွေ
(၃) job locations အလုပ်လုပ်ရမည့်နေရာ
(၄)overtime allowance အချိန်ပို ခွင့်ပြုချက်
(၅) training period လေ့ကျင့် သင်ကြားပေးချိန် အတိုင်းအတာ
(၆)transport facility သွားရေးလာရေး အစီအစဉ် အကြိုအပို့ စသည်
ဥပမာပြောကြည့်မယ်= ကျွန်တော့်ကိုအခုလို အခွင့်အရေးပေးတာကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျား။ ကျွန်တော် သိချင်တာက (၂) job timings အလုပ်လုပ်ရမည့်အချိန်တွေ
(၃) job locations အလုပ်လုပ်ရမည့်နေရာ
(၄)overtime allowance အချိန်ပို ခွင့်ပြုချက် တွေကိုတစ်ဆိတ်လောက်သိချင်ပါတယ်ခင်ဗျား။
ကျေးဇူးတင်ပါတယ် တတ်သလောက်မှတ်သလောက်ဘာသာပြန်ထားတာပါ။
အင်တာဗျားလုပ်မယ့်သူတွေအတွက်အနည်းငယ်မျှလောက် အသုံးတည့်တယ်ဆိုရင် ဘာသာပြန်ရကျိုးပင်ပန်းခံရကျိုးနပ်ပါတယ်။
အားလုံးအလုပ်ကိုယ်စီဖြင့် မိမိဘ၀ကိုမိမိ လျောက်လှမ်းနိုင်ကြပါစေ။
, ကုလရက္ခိတ
 — 
Share on Google Plus

About Kula Rakkhita

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 မှတ်ချက်တိ:

Post a Comment