ထိုင်းနိုင်ငံရှိ တက္ကသိုလ်အသီးသီးတွင် တက်ရောက်ပညာသင်ယူနေကြသော ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့မှ ရခိုင်ရဟန်းတော် (၁၁)ပါးတို့သည် ၂၀၁၅-နွေရာသီ ကျောင်းပိတ်ချိန်ကာလအတွင်း ပြည်တွင်းနေရာအသီးသီးသို့ သွားရောက်၍ မိမိတို့သင်ယူတတ်မြောက်ထားသည်များကို “ဝန်းကျင်တစ်ခု ကောင်းကျိုးပြုလို့ ပေးယူလက်မျှ ဒို့ဘဝကို ဆည်းပူးပညာ တတ်စွမ်းရာဖြင့် အမှောင်ကိုခွင်း အလင်းပေးအံ့” ဆိုသည့် ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ) A.S.M.A ၏ ဆောင်ပုဒ်နဲ့အညီ
မိမိတို့ဒေသတွင်းမှလူငယ်ကျောင်းသားကျောင်းသူများအား
သင်တန်းများပို့ချပေးကာ အကျိုးပြုပေးကြတော့မည်ဖြစ်သည်။
အထက်ပါနေရာအသီးသီးသို့ သွားရောက်ကာ ယခုနှစ်(၂၀၁၅ ပညာသင်နှစ်တွင်) သင်ကြား ပို့ချပေးကြမည်ဖြစ်သည်။
မှတ်ချက်။ မည်သူမဆို လွတ်လပ်စွာကူးယူဖေါ်ပြနိုင်သည်
ပြန်ကြားရေးဌာန
ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ)
မှတ်ချက်။ မည်သူမဆို လွတ်လပ်စွာကူးယူဖေါ်ပြနိုင်သည်
ပြန်ကြားရေးဌာန
ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ)
0 လိုအပ်ချက်များကို ရေးသားအကြံပြုခဲ့နိုင်ပါတယ်:
Post a Comment