A.S.M.A၏ နှစ်ပါတ်လည် မဂ္ဂဇင်းအတွက် စာမူဖိတ်ခေါ်ခြင်း
ASMA သတင်းနှင့်ပြန်ကြားရေး
14, March, 2016
A.S.M.A ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်း)မဂ္ဂဇင်း
ထုတ်လုပ်ဖြန့်ချီမည် ဖြစ်ပါသောကြေင့် စာပေဝါသနာရှင်များ၊ အတတ်ပညာရှင်များ၊ အသိပညာရှင်များ၊
စာရေးဆရာများအား လေးစားစွာဖြင့် စာမူများကို အောက်ပါ လိပ်စာအတိုင်း ဆက်သွယ်ပြီး ပို့ပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
ပေးပို့နိုင်သောကဏ္ဍများနဲ့
စာမူများ
1) ကဗျာ
2) ဆောင်းပါး (သုတ/ရသ)
3) ဘာသာပြန်ဆောင်းပါး/ကဗျာ (သုတ/ရသ)
4) ဝတ္ထုတို/ရှည် (ဘာသာရေးသု/လူမှုရေးသုတ)
5) ကာတွန်း
အစရှိသည်များကိုပေးပို့နိုင်ပါသည်။
စည်းကမ်းချက်များ
စာမူရှင်များသည်
အောက်ပါ စည်းကမ်းချက်များအားလိုက်နာရန် လိုအပ်သည်။
1) မြန်မာစာအရေးအသားဖြင့် ရေးသားရမည်။
2) ဆောင်းပါး စာမူသည် အနည်းဆုံး A4 (၂)မျက်နှာမှသည်
A4 (၄)မျက်နှာထက်မပိုရ။
3) စာမူသည် မည်သည့် စာစောင်၊စာအုပ်များ၌ ဖော်ပြခံထားရဖူးသော
စာမူမဖြစ်စေရ/မူပိုင်ဖြစ်ကြောင်း အာမခံရမည်။
4) ဝတ္ထုတို/ရှည် စာမူသည် A4 (၃)မျက်နှာထက်မနည်းစေရ၊
A4 (၅)မျက်နှာထက်မပိုစေရ။
5) ပုဂ္ဂလိက ဝေဖန်တိုက်ခိုက်မှု၊ အသင်းအဖွဲ့များအား
ဝေဖန်တိုက်ခိုက်မှုများ စာမူများမဖြစ်စေရ။
6) စာမူရှင်သည် အယ်ဒီတာ-စာတည်းအဖွဲ့၏ တည်းဖြတ်မှုကိုကျေနပ်စွာ
လက်ခံရပါမည်။
စာမူပေးပို့ရန်ပုံစံ
1) စာမူရှင်အမည် ( ကလောင်အမည်)
2) ဆက်သွယ်ရရှိနိုင်သော ဖုန်းနံပါတ်၊လိပ်စာ
စာမူပေးပို့ရန် လိပ်စာ
1) အမည်= ဦးသုန္ဒရ
2) ဖုန်းနံပါတ်= 082-334-7358
3) G.mail= thundara111@gmail.com
4) FB=Sonedara Ven
စာမူနောက်ဆုံး ပို့ပေးရမည့်ရက်
20.March.2016
မှတ်ချက်/
/ စာမူများကို အမြန်ဆုံးပို့ပေးနိုင်ပါလျင် ပို၍ ကောင်းပါသည်။
လက်ရေးမူများကိုလည်း
လက်ခံပါသည်။
No comments:
Post a Comment