ပြိုင်ပွဲဝင်ပုဂ္ဂိုလ်များဖိတ်ခေါ်ခြင်း


( ၇၇) နှစ်မြောက်
အာရှနေဝန်းအသျှင် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ်
စကားပြောပြိုင်ပွဲ
ပြိုင်ပွဲဝင်ပုဂ္ဂိုလ်များဖိတ်ခေါ်ခြင်း

**************************************

20,Aug,2016 ( စနေနေ့) အပတ်စဉ်ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက်အရ
အာရှနေဝန်းအသျှင် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ် စကားပြောပြိုင်ပွဲ
အခမ်းအနားကို 9,Sep,2016 (သောကြာနေ့)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ထိုအခမ်းအနားတွင် စကားပြောပြိုင်ပွဲဝင်မည့် ရခိုင်ကျောင်းသား ရဟန်းတော်အဖွဲ့မှ
သံဃာတော် အရှင်သူမြတ်များအား အောက်ပါ စံသတ်မှတ်ချက်များအတိုင်း
ပြိုင်ပွဲဝင်ကြပါရန် ရိုသေလေးစားစွာဖြင့် အသိပေးလျောက်ထားအပ်ပါသည်
အရှင်သူမြတ်အပေါင်းတို့။

စံသတ်မှတ်ချက်များ
(၁) ပြိုင်ပွဲဝင်မည့် ပုဂ္ဂိုလ်သည် ဆရာတော် ဦးဥတ္တမ နှင့်ဆက်စပ်သော
 နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေ၊ အမျိုးသားရေ၊ ဘာသာရေး၊ လူမှုရေး ခေါင်းစဉ်များနှင့် စပ်လျဉ်းသော ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ပြောဆိုရမည်ဖြစ်ပါသည်။

(၂) စကားပြောပြိုင်ပွဲဝင်မည့်ပုဂ္ဂိုလ်သည် 5,Sep,2016 နေ့ကို နောက်ဆုံးထား၍ စကားပြောဆိုမည့်ခေါင်းစဉ်၊ အမည်၊ နှင့် တက်ရောက်နေသော အတန်း တို့ကို ASMA ပြန်ကြားရေးတာဝန်ခံ (အရှင်ကုလရက္ခိတ)ထံသို့ ဖုန်းဆက်၍ ဖြစ်စေ၊ လူကိုယ်တိုင်လာရောက်၍ ဖြစ်စေ စာရင်းပေးသွင်းရမည်ဖြစ်သည်။
 (မှတ်ချက်) စကားပြောမည့်ခေါင်းစဉ်နှင့်စာမူအား အကယ်၍ ဖြစ်နိုင်ခဲ့လျင် ပေးစေလိုသည်။)

(၃) စကားပြောရန်အချိန်သတ်မှတ်ချက်မှာ (၁၀)မိနစ်ဖြစ်သည်။
(၄) ရခိုင်ဘာသာစကား တစ်ခုတည်းဖြင့်သာ ပြိုင်ပွဲဝင်ကြရမည်ဖြစ်သည်။
(၅) ဆုများမှာ
    ၁=(ပထမဆု-၃၀၀၀ ဘတ်) 
   ၂=(ဒုတိယဆု-၂၀၀၀ ဘတ်)
   ၃=(တတိယဆု-၁၅၀၀ ဘတ်) နှင့်
   နှစ်သိမ့်ဆု (၃) ဆု-၅၀၀ ဘတ်စီဖြစ်သည်။
 ASMA တံဆိပ်ဖြင့် ဆုရရှိကြသော ပြိုင်ပွဲဝင်များအား ဂုဏ်ပြုလက်မှတ်များကိုလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဆက်သွယ် စာရင်းပေးသွင်းရန်။ ၊
ဦးကုလရက္ခိတ (ASMA ပြန်ကြားရေး)
Ph= 0896013024
Room-No A-322 (MCU)
21,Aug,2016

No comments:

Post a Comment