Saturday, November 3, 2018

မနက်ဖြန် နေ့လည် ၁ :၀၀ နာရီ ASMA ကံစမ်းမဲ ဖွင့်မည်

မနက်ဖြန် နေ့လည် ၁ :၀၀ နာရီ ASMA ကံစမ်းမဲ ဖွင့်မည် ။ ( 4. 11. 2018 - တနင်္ဂနွေ)

ပေါက်မဲနံပါတ် ဝယ်ယူအားပေးထားသူများ ရင်ခုန်စွာ စောင့်ဆိုင်းနေကြမယ်လို့ ထင်ပါတယ်။
၁၀ လပိုင်း ၂၄ ရက်နေ့ သည် ASMA ကံစမ်းမဲဖွင့်မည့်နေ့အဖြစ် သတ်မှတ်ပြီးဖြစ်သော်လည်း အကြောင်းကြောင်းကြောင့် အနည်းငယ်နောက်ကျပြီးမှ ဖွင့်ဖြစ်ရခြင်းအပေါ် သည်းခံ ပြီးစောင့်မျှော်နေကြသော ASMA ပညာရေးရန်ပုံငွေ ကံစမ်းမဲကို ကံစမ်းရင်း ကုသိုလ်ဖြစ် အားပေးကြသည့် ကံစမ်းမဲရှင်များကို အထူးကျေးဇူးတင်ရှိပါသည်။
ယခုဆိုလျှင် နက်ဖြန် ကံစမ်းမဲ ဖွင့်ရန်အတွက် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ကြိုတင် အသိပေး ကြော်ငြာအပ်ပါသည်။
ASMA Facebook Page မှာ Live လွှင့်ပေးသွားမည် ဖြစ်ပြီး ပေါက်စဉ်နံပါတ်နှင့် ကံထူးရှင်များစာရင်းကိုလည်း ကြေငြာပေးသွားမည်ဖြစ်ပါသည်။
မိမိထိုးထားသော နံပါတ်ပါတ်နှင့်တိုက်ကြည့်၍ မဲပေါက်ပါက ပေးထားမည့်ဖြစ်သော ဖုန်းနံပါတ်များသို့ ဆက်သွယ်ကာ ဝတ်တလုမ်ကျောင်းတွင် လာရောက်ထုတ်ယူနိုင်ပါသည်။
အားလုံး ကံထူးကြပါစေ ။
----------------------
ASMA သတင်းနှင့် ပြန်ကြားရေး
၃. ၁၁. ၂၀၁၈



0 လိုအပ်ချက်များကို ရေးသားအကြံပြုခဲ့နိုင်ပါတယ်:

Post a Comment