Monday, January 28, 2019

နွေရာသီ ရခိုင်ပြည်အတွင်း စာပြရန် Volunteer ဆရာများ ဖိတ်ခေါ်ခြင်း

Volunteer ဆရာများဖိတ်ခေါ်ခြင်း

''Academic Vision'' Summer English and Computer Upgrading Class ကို ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်း)မှ ပုံမှန် နှစ်စဉ်နှစ်တိုင်း နွေရာသီအချိန်တွင် အင်္ဂလိပ်စာ ကွန်ပျူတာ သင်တန်းများ အခမဲ့ပြသခဲ့ကြပါသည်။

ယခု(၂၀၁၈.၂၀၁၉) ပညာသင်နှစ်တွင်လည်း နွေရာသီ သင်တန်းပြရန် အစီအစဉ်ရှိပါသဖြင့် (MCU)တွင် ကျောင်းတက်နေကြသော ရခိုင်ကျောင်းသား သံဃာတော်များဘုရား အရှင်ဘုရားတို့အနေဖြင့် အသင်းနှင့် ပူးပေါင်းပါဝင်ပြီး အဖက်ဖက်ကနိမ့်ကျနေသော ဘုရားတပည့်တော်တို့၏ ရခိုင့်လူငယ်တို့အနာဂတ်ကို ရှင်သန်ရပ်တည်ဖို့အတွက် ငါတို့တတ်နိုင်သည့်ဘက်က ဝိုင်းဝန်းကူညီမည်ဆိုသည့် လူသားကောင်းကျိုးအတွက် မေတ္တာ စေတနာအရင်းခံကာ ပညာရေးဖြင့် လူမျိုးတင့်တည်မြင့်မားနှိုင်ဖို့ရန် စေတနာသဒ္ဒါအားသန်ကာဖြင့် တက်တက်ကြွကြွပါဝင်ပေးဖို့ ASMA-Member ဝင်ဆရာတော်တို့အား အသိပေးမေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည် ဘုရား။


ဆက်သွယ်ရန်။ 
ပညာရေးနှင့် ကျောင်းသားရေးရာတာဝန်ခံ ဆရာတော်များ
              👉  အရှင် ကဝိသာရ -0945950630
              👉  အရှင် တိက္ခနန္ဒ  -0994580348




ပြန်ကြားရေး
ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်း)

0 လိုအပ်ချက်များကို ရေးသားအကြံပြုခဲ့နိုင်ပါတယ်:

Post a Comment