Academic Vision -Education Project-ASMA
Academic Vision Summer English Upgrading Class ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်း)မှ နှစ်စဉ်နှစ်တိုင်း ဖွင့်လှစ်သင်ကြားလျှက်ရှိသော အင်္ဂလိပ်စာနှင့် ကွန်ပျူတာ အခမဲ့သင်တန်းများကို ရခိုင်ပြည်နေရာအသီးသီးတွင် သင်ကြားပြသခဲ့ကြပါသည်။
ယခု 2019 ခုပညာသင်နှစ်တွင်လည်း ASMA- ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်း)မှ သွားရောက် ဖွင့်လှစ်မည့် နွေရာသီ ပညာဒါန အင်္ဂလိပ်စာနှင့် ကွန်ပျူတာ သင်တန်းများကို ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါသည်။
သင်တန်းပြရာတွင် Volunteer ဆရာတော်များ၏ အသွားအပြန်စရိုက် တစ်ပါးလျှင် (5000)ဘတ်စီကို အသင်းမှ ထောက်ပံ့ကူညီသွားမည်ဖြစ်သည်။
ရခိုင်ပြည်တွင်းနှင့် ပြည်ပသို့ရောက်ရှိနေကြသော အသင်းအဖွဲ့အစည်းများ၊ သံဃာတော်များ လူပုဂ္ဂိုလ်များ အနေဖြင့် ရခိုင်ပြည်အတွင်းသို့ ပညာသင်ကြားရန် သွားရောက်မည့် သံဃာတော်များတို့အား တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကူညီလိုပါက ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးတိုက်တွန်းနှိုးဆော်အပ်ပါသည်။
🙏သင်တန်းပြရန် နေရာများ။ တောင်ကုတ်၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏာကျွန်း၊ ရန်ကုန်။
⌛ဆက်သွယ်ရန်တာဝန်ခံဆရာတော်များ။ ဥက္ကဌဆရာတော်-0805567872 / ပညာရေးမှူးဆရာတော်-0945950630 / ပြန်ကြားရေးမှူးဆရာတော်-0993241786.
🙏2018 ခုနှစ် ရခိုင်ပြည်အတွင်း အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းပြခဲ့ကြသော Volunteer ဆရာများနှင့် သွားရောက်ခဲ့သော နေရာများ🙏
ရခိုင်ပြည်နယ် စစ်တွေမြို့ 2018 ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ 40 ခန့်တက်ရောက်သင်ယူခဲ့ကြသည်။
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် 2018 ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ 80 ခန့်တက်ရောက်သင်ယူခဲ့ကြသည်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် တွင် 2018 ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ 150 ခန့် တက်ရောက်သင်ယူခဲ့ကြသည်။
ရခိုင်ပြည်နယ် ကျော်ဖြူမြို့ လိပ်ခမော်ရွာတွင် 2018 ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ 80 ခန့်တက်ရောက် သင်ယူခဲ့ကြသည်။
🙏🙏🙏🙏
Feb-12-2019
ပြန်ကြားရေး
ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်း)
ယိုးတရုတ် ပုဏ္ဏားကျွန်း မြို့နယ်ပါ ဘုရား
ReplyDelete